![]() |
မိုင်းဆတ်မြို့နယ် လေပြင်းဒဏ်ကြောင့် နေအိမ် ၆၀ ကျော် ပျက်စီး ။ ။ ဓါတ်ပုံ - မြန်မာ့အလင်း |
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းမှာ ဧပြီလ ၂၃ ရက်နေ့ မနေ့ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့လို့ မြန်မာကျပ်ငွေသိန်းတစ်ရာကျော်တန်ဖိုးရှိတဲ့ နေအိမ် ၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မိုင်းဆတ်ခရိုင် ဦးစီးမှူး က ပြောပါတယ်။
မိုးသက်လေပြင်းတိုက်ခိုက်ခဲ့တာကတော့ တနင်္ဂနွေနေ့ ညနေ ၂ နာရီကျော်ခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မယ်ကြုတ်ကျေးရွာအုပ်စုအတွင်း ပျက်စီးဆုံးရှုံခဲ့တာဖြစ်တယ်လို့ မိုင်းဆတ်ခရိုင်ဦးစီးမှူး ဦးသန့်ဇင်ဦး က RFA ကို အခုလို အတည်ပြု ပြောပါတယ်။
“ ရွာလေးရွာပေါ့ မနေ့က ဖြစ်တာ ခင်ဗျ၊ မနေ့က ညမှ သိရတယ်လေ၊ သူတို့က တောင်ပေါ်ရွာတွေဆိုတော့ တော်တော်အလှမ်းဝေးတယ်ခင်ဗျ၊ ကျနော်တို့ အိမ်ခြေ ၆၃ လုံးပေါ့နော်၊ အိမ်ထောင်စု ၆၃ စု၊ ကျနော်တို့ အဓိကတော့ အမိုးတွေ လှန်ကုန်တာပေါ့နော်၊ အမိုးတွေလှန်တယ် နောက်ပြီး ပျက်စီးဆုံးရှုံမှုတန်ဖိုးက ၁၀၉ သိန်ကျော်၊ လူကတော့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူး၊ ရွာကတော့ လေးရွာပေါ့၊ မိုင်းတွင်းတောင်ပေါ်အုပ်စု က နှစ်ရွာရယ်။ ဟိုအရင်တုန်းကတော့ ဒါမျိုးတော့ မဖြစ်ဘူးဗျ ဖြစ်လည်း နည်းနည်းပါးပါးပေါ့၊ ဒီလောက်တော့ မများဘူးပေါ့။ “
ဒီကနေ့မှာတော့ လေပြင်းတိုက်ခိုက်ခံခဲ့ရလို့ ပျက်စီးဆုံးရှုံးသွားခဲ့တဲ့နေရာကို တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှု့နေပြီး အကူအညီတွေ ပေးနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆက်ပြောပါတယ်။
အလားတူပဲ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာလဲ မနေ့ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မိုင်းဆတ်မြို့နယ် လေပြင်းဒဏ်ကြောင့် နေအိမ် ၆၀ ကျော် ပျက်စီး
Reviewed by THITHTOOLWIN
on
06:38
Rating:
