ဧပြီ ၁၄၊၂၀၁၇
မောင်တောမြို့နယ် တူလာတူလီတောင်ကျေးရွာနေ ဆွေယော့တာလောင်သည် ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းတွင် မိသားစုနှင့်အတူအိမ်၌ ထိုင်နေစဉ် ခေါင်းမှခါးအထိမျက်နှာဖုံးစွပ်ထားသည့်အမည်မသိ စိစစ်ဆဲအမျိုးသားတစ်ဦးသည် ဒုတ် ဓားများကိုင်ဆောင်၍ဝင်လာပြီး ဆွေယော့တာလောင်အား ခေါင်းငုံ့ထာရန်ခြိမ်းခြောက်ပြောကြားပြီး အိမ်ခန်းအတွင်းရှိ သံသေတ္တာ အတွင်းမှ ငွေကျပ် ၄၃၀၀၀၀ အား ယူဆောင်ခံရမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆွေယော့တာလောင်က ဧပြီ ၁၂ ရက်မွန်းလွဲပိုင်းတွင် ကြိမ်ချောင်းနယ်မြေရဲစခန်းသို့အမှုဖွင့်တိုင်ကြားခဲ့ပြီး အမည်မသိအမျိုးသားတစ်ဦးအား ဖမ်းဆီးဖော်ထုတ်နိုင်ရေး စုံစမ်းလျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ဒုတ် ဓားဖြင့် ခြိမ်းခြောက်၍ ငွေများလုယူ
Reviewed by THITHTOOLWIN
on
15:53
Rating:
