![]() |
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ လမ်းမပေါ်၌ အသေခံဗုံးခွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများအား ကယ်ဆယ်ရေးပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်) |
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ အရှေ့ ပိုင်း၌ ယနေ့ (ဧပြီလ ၅ ရက်) နံနက်အစောပိုင်းတွင် သန်းခေါင်စာရင်းကောက်ခံရေးအဖွဲ့ ဝင်များအား သယ်ဆောင်လာသော ဘန်ကားတစ်စီးကို အသေခံဗုံးခွဲသမားက တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံးလူ ၆ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသတွင်း Urdu မီဒီယာသတင်းဖော်ပြခဲ့သည်။
သေဆုံးသူများထဲတွင် စစ်သား သုံးဦး ၊ ပါကစ္စတန်လေတပ်မှ အရာရှိတစ်ဦး နှင့် အစိုးရအမှုထမ်း နှစ်ဦးတို့ ပါဝင်ကြောင်း Samaa သတင်းက ဆိုသည်။ အရှေ့ ပန်ဂျပ်ပြည်နယ်၏မြို့ တော်ဖြစ်သော လာဟိုးမြို့ ၏ Bedian လမ်းမပေါ်တွင် အဆိုပါ အစိုးရအမှုထမ်းများသည် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ခြံရံ၍ သန်းခေါင်စာရင်းကောက်ယူရန် လုပ်ဆောင်နေကြစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ကနဦးသတင်းများအရ အသေခံဗုံးခွဲသူမှာ အသက် ၁၈ နှစ် မှ ၂၄ နှစ်ကြားအရွယ်ရှိသူ တစ်ဦးဖြစ်ပြီး ၄င်းသည်သန်းခေါင်စာရင်းကောက်ခံရေးအဖွဲ့ ဝင်များ သယ်ဆောင်လာသော ဘန်ကားအနီးသို့ ဝင်ရောက်၍ အသေခံဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားသော နေရာအနီးရှိ မော်တော်ဆိုင်ကယ်များ နှင့် ကားအချို့ လည်း ပျက်စီးသွားကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူများအား စစ်ဆေးရုံသို့ ပို့ ဆောင်ပေးထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ပါကစ္စတန်၌ သန်းခေါင်စာရင်းကောက်ခံသည့်အဖွဲ့ အား အသေခံဗုံးခွဲရာ ၆ ဦးသေ ၊ ၁၅ ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
14:46
Rating:
