![]() |
ရန်ကုန် မြို့ တော် မဟာ သင်္ကြန် ဗဟို မဏ္ဍပ်အား တွေ့ ရစဉ်(ဆင်ဟွာ) |
မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်တွင် ကျရောက်သော မြန်မာ နှစ်သစ်ကူး အတာ သင်္ကြန် ပွဲတော် အတွက် ရန်ကုန် မြို့ တော် မဟာ သင်္ကြန် ဗဟို မဏ္ဍပ်အား ယနေ့ ဧပြီ ၁၃ ရက်(သင်္ကြန် အကြိုနေ့ ) နံနက်ပိုင်းတွင် ရန်ကုန်မြို့ တော်ခန်းမရှေ့ ၌ စတင် ဖွင့်လှစ်ခဲ့သည်။
ယင်းဖွင့်ပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မဟာသင်္ကြန် ပွဲတော်ကြီးကို ရိုးရာ အစဉ်အလာ နှင့် အညီ ဖြတ်သန်း ကြရမည် ဖြစ်ကြောင်း ၊ နှစ်ဟောင်းတွင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၏ အကောင်းဆုံးကို ပြန်ကြည့်ပြီး နှစ်သစ်မှာ ပိုမို ကောင်းမွန်သည့် စနစ်သစ် တစ်ရပ်ကို ထူထောင်နိုင်ရန် အားလုံး ၀ိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်ကြောင်း ၊ ရန်ကုန်မြို့ တော်အား ရှေးဟောင်း အမွေအနှစ်များဖြင့် စိမ်းလန်းပြီး နေချင့်စဖွယ် စီးပွားရေး မြို့ တော်ကြီး ဖြစ်လာစေရန် ကြိုးပမ်း ကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ရန်ကုန် မြို့ တော် မဟာ သင်္ကြန် ဗဟို မဏ္ဍပ်အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရိုးရာ အက ယိမ်းအဖွဲ့ များဖြင့် ကပြ ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန် မြို့ တော် မဟာ သင်္ကြန် ဗဟို မဏ္ဍပ် စတင် ဖွင့်လှစ်
Reviewed by THITHTOOLWIN
on
15:38
Rating:
