မုံရွာ၊ ဧပြီ ၂၉။
စစ်ကိုင်းမြို့မ ရဲစခန်းသို့ ထောက်ခံစာလာတောင်းသူ တစ်ဦးမှ တာဝန်ကျ ဒုရဲအုပ်ရဲမေကို ပါးကိုင်၍ ချစ်လေးရာ လုပ်ပေးလိုက်ပါဟု ပြောသဖြင့် ပုဒ်မ သုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ၄င်းရဲစခန်းမှ သတင်းရရှိသည်။
ဧပြီ ၂၇ ရက်နံနက်ပိုင်း ပိုးတန်းရပ်ကွက် နေ အသက် ၂၈ အရွယ်အမျိုးသားတစ်ဦးသည် စစ်ကိုင်းမြို့မရဲစခန်းသို့ ထောက်ခံစာ လာတောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင် မပါ၍ တာဝန်ကျ ရဲမေမှ လုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
"ရဲမေပါးကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူးသွားတိုင်တော့ --ါသယ်မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့်၊ဖွင့်ပြီး ဖမ်းတာပါ။ ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။ အရင်က ရဲပြေးနဲ့ ထောင်ကျပြီး ထွက်လာရတဲ့ သူလို့ သိရပါတယ်" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ၀န်ထမ်းအားနှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲမှု၊ မိန်းမ အိနြေ္ဒပျက်စေမှု တို့ဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/
ရဲမေကို အချစ်ကလေး လုပ်ပေးဟု ပြောသူကို ပုဒ်မသုံးခုတပ် ဖမ်းဆီး
Reviewed by THITHTOOLWIN
on
22:01
Rating:
