ရန်ကုန်။ ဧပြီလ ၁၀ ရက်
တာမွေမြို့နယ် ပျားရည်ကုန်းရပ်ကွက်၊ ကျိုက္ကဆံလမ်း အမှတ်(၁၅၄) ရှေ့ရှိ လမ်းလယ်ဓာတ်တိုင်အား ကိုယ်ပိုင်ယာဉ် တစ်စီးမှ ဧပြီ လ ၉ ရက်နေ့ ၁၉း၅၀ နာရီ အချိန်ခန့်က အရှိန်မထိမ်းနိုင်ဘဲဝင်ရောက်တိုက်မိ ခဲ့ပါသည်။
ဖြစ်စဉ်မှာ အလုပ်သမားဆေးရုံဘက်မှ ကျောက်မြောင်းမီးပွိုင့်ဘက်သို့ မောင်းနှင်လာသော KIA အနက်ရောင် ကိုယ်ပိုင်ယာဉ်သည် အချင်းဖြစ်နေရာ အရောက်၌ အရှိန်မထိမ်းနိုင်၍ လမ်းလယ်ကျွန်းကိုကျော် တက်ပြီး လမ်းလယ်ကျွန်းဓာတ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့ပါသည်။
မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က ယာဉ်လမ်းကြောင်းပိတ်ဆို့မှု မရှိစေရေးရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်း ရှောင်နေပြီး လူထိခိုက်မရှိပါ။ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိ ကြောင်းသိရှိရပါသည်။
ဒေါ်လှလှမြင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာမွေမြို့နယ်တွင် အိမ်စီးကား အရှိန်မထိမ်းနိုင်ဘဲ ဓာတ်တိုင် ဝင်တိုက်
Reviewed by THITHTOOLWIN
on
19:40
Rating:
