မော်လမြိုင် - နေပြည်တော် အမြန် လူစီးရထားနှင့် ထော်လာဂျီတိုက်မိ


မော်လမြိုင်မြို့ ဧပြီ ၂၃

မော်လမြိုင်ဘူတာမှ နေပြည်တော်ဘူတာသို့ စက်ခေါင်းမောင်းဦးယဉ်မော်ဦး၊ ရထားထိန်းဦးမြတ်မိုးကျော်တို့ လိုက်ပါတာဝန်ထမ်းဆောင်လာသော အမှတ်(၁၈)အစုန် မော်လမြိုင်-နေပြည်တော် အမြန်လူစီးရထားသည် ဧပြီလ(၂၂)ရက်နေ့နံနက်(၁၀)နာရီ (၅)မိနစ် အချိန်ကတောင်စွန်းဘူတာအဝင် ရထားလမ်းမိုင်တိုင်အမှတ်(၁၀၉/၁၄မှ၁၅)တွင် တရားမဝင်လှည်းလမ်းကူးဂိတ်၌ ဘီလင်းမြို့နယ် ပေါက်တောကျေးရွာနေ ဦးကျော်စိုးဦးမှ ထော်လာဂျီယာဉ်ပေါ်၌ အုတ်ခဲများ တင်ဆောင်လာပြီး ဖြတ်သန်းမောင်းနှင်စဉ် အမှတ်(၁၈)အစုန် မော်လမြိုင်-နေပြည်တော် အမြန်လူစီးရထားစက်ခေါင်းအမှတ် DF.1641ဖြင့် တိုက်မိကြောင်း သိရသည်။


အဆိုပါ ဖြစ်ပွားသည့် နေရာသို့ တောင်စွန်း(ရုံပိုင်ကြီး)နှင့် ဝန်ထမ်းများက သွားရောက်ကြပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရထားနှင့် ထော်လာဂျီတိုက်မှုကြောင့် ထော်လာဂျီယာဉ်မောင်းနှင့် ရထားစီးခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။ ထော်လာဂျီယာဉ်မောင်းဦးကျော်စိုးဦးကို တောင်စွန်း(ရုံပိုင်ကြီး) ဦးသိန်းထွန်းက တောင်စွန်းနယ်မြေရဲစခန်းတွင်အမှုဖွင့်တိုင်ကြားသဖြင့် တောင်စွန်းနယ်မြေရဲစခန်းက ထော်လာဂျီယာဉ်မောင်းဦးကျော်စိုးဦးကိုအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

တင်ထွဋ် (မော်လမြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မော်လမြိုင် - နေပြည်တော် အမြန် လူစီးရထားနှင့် ထော်လာဂျီတိုက်မိ မော်လမြိုင် - နေပြည်တော် အမြန် လူစီးရထားနှင့် ထော်လာဂျီတိုက်မိ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.