ကျောက်စက်တိုက်သည့်မီးပွား ဖော့ပုံပေါ်ကျရာမှ မီးလောင်မှုဖြစ်ပွား


မန္တလေး ဧပြီ ၁၀

မန္တလေး မြို့၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်၊ မ-၄၅ ရပ်ကွက် ၅၄ လမ်း၊ ၄၀×၄၁ လမ်းကြားရှိ အိမ်ရှင် ဦးကျော်ကျော် နေအိမ်တွင် အဆောက်အဦအတွင်း ကျောက်စက်တိုက်ရာမှ မီးပွားလွင့်စင်ပြီး ဖော့ပြားများပေါ်သို့ ကျရာမှတဆင့် ဧပြီလ (၁၀)ရက်နေ့ နံနက် (၁၁)နာရီ (၅) မိနစ် အချိန်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။


မီးလောင်ရာသို့ မီးသတ်ယာဉ် (၁၀)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ အရံမီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးတို့နှင့် ပြည်သူတို့က ၀ိုင်းဝန်းငြှိမ်းသတ်ရာ နံနက် (၁၁)နာရီ (၂၀) မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုကြောင့် အဆောက်အဦအချို့နှင့် ကျောက်စက်၊ ၀ရိတ်စက်နှင့် ဖော့ပြားများ ဆုံးရှုံးခဲ့ ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင် (မဟာအောင်မြေ-ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်စက်တိုက်သည့်မီးပွား ဖော့ပုံပေါ်ကျရာမှ မီးလောင်မှုဖြစ်ပွား ကျောက်စက်တိုက်သည့်မီးပွား ဖော့ပုံပေါ်ကျရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.