ဆင်တဲတွင် နဝမတန်းကျောင်းသား(၃)ဦးရေနစ် သေဆုံး

ဆင်တဲတွင် နဝမတန်းကျောင်းသား(၃)ဦးရေနစ် သေဆုံးသည့် ကလေးတွေ ရှာမတွေ့သေး
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စု စမ်းပေါက်ချောင်းကျေးရွာ ဧရာဝတီမြစ်တွင် နဝမတန်ကျောင်းသား(၃)ဦးရေနစ် သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ(၂၅)ရက်နေ့ နံနက်(၉)နာရီ (၃၅)မိနစ် အချိန်ခန့် မောင်ခန်မှူးပိုင်(၁၅)နှစ် (ဘ) တပ်ကြပ် ဦးဟန်မင်းအောင် (က.ပ.စ ၃ )နဝမတန်း ဆင်တဲ(အ.ထ.က) (က စ စ ၁၆ )လိုင်းခန်း ဆင်တဲ မောင်ပိုင်မင်းသန့်(၁၅) နှစ် (ဘ) ဦးညီညီလွင် နဝမတန်း ဆင်တဲ(အ.ထ.က)မောင်မျိုးမောင်မောင်(၁၅)နှစ် (ဘ) ဦးမျိုးမြင့်အောင် နဝမတန်း ဆင်တဲ (အ.ထ.က)နေသူတို့သည်ဆ
င်တဲအုပ်စု စမ်းပေါက်ချောင်းကျေးရွာ ဧရာဝတီမြစ်ကမ်းစပ်တွင် ရေချိုးခဲ့ကြောင်း သိရသည်။


ထိုသို့ရေချိုးနေစဉ် မောင်လွင်မိုးအောင်(၁၅)နှစ် (ဘ)ဦးကျော်မြင့် နဝမတန်း ဆင်တဲ(အ.ထ.က) စမ်းပေါက်ချောင်းကျေးရွာ ဆင်တဲအုပ်စု မောင်မင်းသူ(ဘ)ဦးအောင်ကျော်မိုး နဝမတန်း ဆင်တဲ (အ.ထ.က) (က စ စ ၁၆)လိုင်ခန်း မောင်ကောင်းထက်ဇော်(ဘ)ဦးသန်းထွန်း နဝမတန်း ဆင်တဲ (အ.ထ.က)ရွာသစ်ကျေးရွာ ဆင်တဲအုပ်စုနေသူတို့ ထပ်မံရောက်ရှိလာပြီး အတူရေချိုးခဲ့စဉ်(၉)နာရီ(၅၀)အချိန်ခန့်၌ မောင်ခန့်မှူးပိုင် မှာရေနစ်သဖြင့်မောင် ပိုင်မင်းသန့်နှင့်မောင်မျိုးမောင်မောင်တို့က လိုက်ဆံဆယ်ယူခဲ့ရာ ထပ်မံရေနစ်ခဲ့သဖြင့် စမ်းပေါက်ချောင်းကျေးရွာနေ ဦးကျော်ထူးပါ(၁၀)ဦးခန့် လှေ(၃)စီးဖြင့် ရေနစ်နေသော ကလေးတွေ ကိုရှာဖွေနေကြောင်း သိရပြီး နေ့လည်(၁၂)နာရီ(၃၀)အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ကနဦးသိရှိရသည်။

ပြည့်သဲမောင်(ပြည်)

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews/
ဆင်တဲတွင် နဝမတန်းကျောင်းသား(၃)ဦးရေနစ် သေဆုံး ဆင်တဲတွင် နဝမတန်းကျောင်းသား(၃)ဦးရေနစ် သေဆုံး Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.