ပြည်လမ်း ပန်းခြံကုန်းမှတ်တိုင်အနီးတွင် ကား ၃ စီး တိုက်မိပြီး လူနာ ၇ ဦး၊ တစ်ဦး နေရာမှာတင်သေဆုံး


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ပန်းခြံကုန်းမှတ်တိုင်အနီးတွင် ဧပြီလ ၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ် အချိန်ခန့် က ကား၃စီးတိုက်မိပြီး လူသေဆုံးဒဏ်ရာရမှု ရှိခဲ့ကြောင်း သိရပါသည်။


ဖြစ်စဉ်မှာ ပန်းခြင်းသယ်ဆောင်လာသော ဒိုင်နာယာဉ် တိမ်းမှောက်ပြီး taxi နှစ်စီးပါ ထိခိုက်မှု့ရှိ ပြီး taxi ယာဉ်မောင်းတဦး နေရာ မှာတင် သေဆုံးခဲ့ပါသည်။ ပန်းကားပေါ် စီးနင်းလိုက်ပါလာသူ အမျိုးသမီး ၄ဦး ကလေးတစ်ဦး ဦးခေါင်းဒဏ်ရာများ ရရှိပြီး ကျန်taxi တစ်စီးပေါ်မှ ယာဉ်မောင်း ခြေထောက်ကျိုး ၊ လက်ပွန်း ခေါင်းဖူးရာင် စုစုပေါင်းလူနာ ၇ ဦး၊ တဦးသေဆုံးခဲ့ကြောင်း သိရပါသည်။

 ပုလဲမြို့အရန်မီးသတ်တပ်ဖွဲ့မှ အရေးပေါ် လူနာတင်ယာဉ် ၃စီးဖြင့် လူများနှင့်သေဆုံးသူ taxi ယာဉ်မောင်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင် ကူညီခဲ့ပါသည်။

ဒိုင်နာခေါင်းခန်းတွင် ပါလာသော အမျိုးသမီးတဦးမှ ပြောပြချက်အရ ဒိုင်နာမှာ ပြည်လမ်းအတိုင်း မှော်ဘီမှ ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်လာစဉ် ကာဒီနား taxi မှရန်ကုန်မှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာပြီး ချိုးကွေ့သည်ဟု သိရပါသည်။

သေဆုံးသူ taxiယာဉ်မောင်းအား pR 24နှင့် အင်းစိန် ဆေးရုံတွင် အလောင်း အပ်နှံထားခဲ့ပါသည်။

Htin Lin Aung - ပုလဲမြို့အရန်မီးသတ်တပ်ဖွဲ့
သစ်ထူးလွင်

ပြည်လမ်း ပန်းခြံကုန်းမှတ်တိုင်အနီးတွင် ကား ၃ စီး တိုက်မိပြီး လူနာ ၇ ဦး၊ တစ်ဦး နေရာမှာတင်သေဆုံး  ပြည်လမ်း ပန်းခြံကုန်းမှတ်တိုင်အနီးတွင် ကား ၃ စီး တိုက်မိပြီး လူနာ ၇ ဦး၊ တစ်ဦး နေရာမှာတင်သေဆုံး Reviewed by THITHTOOLWIN on 09:48 Rating: 5
Powered by Blogger.