ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်


ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် မိုးရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် နေအိမ်များ အမိုးလန်၊ ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရပါသည်။


ယင်းသို့လေပြင်းတိုက်ခတ်မှုကြောင့် ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စု၊ စက်ကလေးစုကျေးရွာအရှေ့ဖျားရှိ နေအိမ်(၅)လုံး၊ တိုက်ကြီးမြို့နယ်၊ ဖက်ဝန်းကုန်းကျေးရွာအုပ်စု၊ ဖက်ဝန်းကုန်းကျေးရွာတွင် နေအိမ်(၅)လုံး၊ ဘေးမဲ့ကျေးရွာတွင် နေအိမ်(၉)လုံး၊ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာတိုက်နယ်ဆေးရုံရှိ ပြုပြင်ဆဲပြင်ပလူနာဆောင်တို့မှာ အမိုးများလန်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရပါသည်။


အဆိုပါလေပြင်းတိုက်ခတ်၍ ပျက်စီးသွားခဲ့သည့် နေအိမ်များရှိ အိမ်ထောင်စုအချို့မှာ ၎င်းတို့၏ဆွေမျိုး မိတ်ဆွေများ၏နေအိမ်များသို့ ခေတ္တသွားရောက်နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ