ကျောင်းအုပ်တံတိုင်း ပြုပြင်ရန် အလှူငွေ သိန်းငါးဆယ်ကျော်ခန့် ခိုးယူတရားခံ ဖေါ်ထုတ် ဖမ်းဆီးရမိ


မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ် သစ်ရာကောက်ရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းတွင် ၁၉-၄-၂၀၁၇ ရက်နေ့ ညပိုင်း ကျောင်းထိုင်ဆရာတော် ဦးဝေပုလ္လ ထိန်းသိမ်း ထားသည့် သိမ်ကျောင်းအတွင်း ဗွီဒိုထဲမှ ကျောင်းအုပ်တံတိုင်း ပြုပြင်ရန် သိမ်းဆီးထားသည့် အလှူငွေ ငွေကျပ် ၇၅ သိန်း ရှိသည့်အနက် ငွေကျပ် သိန်း ၅၀ ကျော်ခန့် ခိုးယူခံရပြီး တိုင်တန်းမှု ဖြစ်ပွားသွားကြောင်း သစ်ရာကောက်နယ်မြေရဲကင်းစခန်းးမှူး ရဲအုပ် သိန်းဇော်ဝင်းမှပြောပြ သိရှိသတင်းရရှိပါသည်။

ထိုသို့ တိုင်တန်းမှု ဖြစ်လျှင်ဖြစ်ခြင်း အချိန်နှင့်တပြေးညီ ခိုးမှုမှ တရားခံများ အမြန်ဆုံးဖေါ်ထုတ် ဖမ်းဆီးနိုင်ရေး သစ်ရာကောက် ရဲစခန်းမှူးရဲအုပ် သိန်းဇော်ဝင်း ရဲတကသီဟကျော် ရဲဒုတက မောင်စိုး ရဲတသ ဝင်းဇော်ထွေး တို့နှင့်အတူ ခိုးမှုနှင့်ပတ်သက်ပြီး နီးစပ်ရာနှင့် ပါတ်ဝန်းကျင်ကျေးရွာ မသင်္ကာသူများအား အပူတပြင်း လိုက်လံရှာဖွေ စုံစမ်းရာ သစ်ရာကောက်အုပ်စု ဝက်လူးစမ်းရွာနေ ဥာဏ်လင်းထွန်း (သ)၁၇/၂၀၁၇ နှစ် ဗမာ/ဗုဒ္ဓ ကျဘမ်း(ဘ)ဦးကျော်စိုး နှင့်တရွာတည်းနေ တင်ဇော်ခိုင်(သ)၁၇/၂၀၁၇ နှစ် ဗမာ/ဗုဒ္ဓ ကျဘမ်း (ဘ)ဦးဆန်းဝင်း တို့နှစ်ဦးမှာ အလုပ်အကိုင်အတည်တကျ မရှိဘဲ ငွေကျေးသုံးစွဲမှု များပြားလာပြီး လက်ရှိ ကျေးရွာတွင် မရှိဘဲ အခြားတနေရာတွင် သွားလာနေကြောင်း မသင်္ကာဘွယ်ရာ သိလိုက်ရပြီး ၄င်းတို့ နှင့် အတူသွား အတူလာ သူငယ်ချင်းများအား ဆက်လက်စုံစမ်းမှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ၄င်တို့နှစ်ဦးမှာ မကွေးမြို့ ကြည်နူး တည်းခိုခန်းတွင် ငွေကြေးများစွာ ကုန်ကျခံပြီး တည်းခိုနေထိုင်ကြကြောင်း သတင်းရရှိခဲ့ပါသည် ထိုသို့သတင်းရလျှင်ရခြင်း ၄င်းတို့နှစ်ဦးအား ခိုးမှုနှင့်ပတ်သက်ပြီး မသင်္ကာခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဘုန်းကြီးကျောင်းသိမ်တိုက် အတွင်းရှိ ဗီဒိုအတွင်းမှ ငွေကျပ် သိန်း ၅၀ ကျော်ခန့်အား ခိုးယူခဲ့ကြောင်းဝန်ခံခဲ့ကြပြီး ၄င်းတို့လက်ဝယ်မှ ငွေကျပ် (၂ )သိန်း (၄ )သောင်း (၉ )ထောင် (၂ ) ရာ နှင့် ဟန်းဖုန်း (၄ )ခု တန်ဘိုးငွေ (၅ )သိန်း (၈ )သောင်း ဆိုင်ကယ်(၁)်စီး တန်ဘိုးငွေ (၂ )သိန်း အခြားအသုံးဆောင် အဝတ်အထည်များ (အသစ် )တန်ဘိုးငွေ (၃ )သိန်းကျော်ခန့် တို့ သိမ်းဆီးဖမ်းဆီး ရမိခဲ့ပါသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘုန်းတော်ကြီးကျောင်း သိမ်ကျောင်းအတွင်း ငွေကျပ် သိန်း ၅၀ ကျော်ခန့် ခိုးယူခဲ့သော မောင်ဥာဏ်လင်းထွန်ူနှင့် မောင်တင်ဇော်ခိုင်တို့အား ၂၃-၄-၂၀၁၇ ခုနှစ် ည ၉ နာရီ ၃၅ မီးနစ်အချိန် မကွေးမြို့နယ် မိချောင်းရဲ နယ်မြေရဲစခန်း (ပ)၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုရေးဖွင့်ပြီး သစ်ရာကောက်နယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းဇော်ဝင်း မှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Hlaing Bwar‎
ကျောင်းအုပ်တံတိုင်း ပြုပြင်ရန် အလှူငွေ သိန်းငါးဆယ်ကျော်ခန့် ခိုးယူတရားခံ ဖေါ်ထုတ် ဖမ်းဆီးရမိ  ကျောင်းအုပ်တံတိုင်း ပြုပြင်ရန် အလှူငွေ သိန်းငါးဆယ်ကျော်ခန့် ခိုးယူတရားခံ ဖေါ်ထုတ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.