ဝါရှင်တန် ဧပြီ ၉
လက်ပ်တော့ကွန်ပျူတာများနှင့် အခြားသော အီလက်ထရွန်နစ်ကိရိယာများအား လေယာဉ်စီး ခရီးသည်များက ၎င်းတို့၏ လက်ဆွဲအိတ်အတွင်း ထည့်သွင်းယူဆောင်ခြင်းမပြုဘဲ လေယာဉ်၏ ကုန်စည်ခန်းအတွင်းထားရှိမည့် ခရီးဆောင်သေတ္တာအတွင်း ထည့်သွင်းယူဆောင်ရန် ညွှန်ကြားချက် သည် လစ်သီယမ်ဓာတ်ခဲငယ်များမှတစ်ဆင့် လေယာဉ်မီးလောင်မှုကို ဖြစ်ပွားစေဖွယ်ရှိကြောင်း နိုင်ငံတကာဘေးအန္တရာယ်ကင်းရှင်းရေးအေဂျင်စီများက သတိပေးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
လက်ပ်တော့ကွန်ပျူတာများအပါအဝင် အီလက်ထရွန်နစ်ကိရိယာများအား နိုင်ငံတကာ လေကြောင်းခရီးသည်များက ၎င်းတို့နှင့်တစ်ပါတည်း သယ်ဆောင်ခြင်းမပြုရန် အမေရိကန် အစိုးရက နိုင်ငံအကန့်အသတ်ဖြင့် ပိတ်ပင်အမိန့်ထုတ်ပြန်ခဲ့သည်။ ခရီးသည်များသည် ၎င်းတို့၏ လက်ဆွဲအိတ်အတွင်း အီလက်ထရွန်နစ်ကိရိယာများကို ထည့်သွင်းသယ်ဆောင်ခြင်း ပြုလုပ်ခွင့် မရှိတော့သော်လည်း တန်ဆာပြုလုပ်သည့် ခရီးဆောင်သေတ္တာအတွင်း ယင်းကိရိယာများကို ထည့်သွင်းယူဆောင်ခွင့်ရှိသည်။
အီလက်ထရွန်နစ်ကိရိယာများ၏ လစ်သီယမ်ဓာတ်ခဲများသည် ခရီးဆောင်သေတ္တာများ အတွင်းရှိနေခြင်းကြောင့် လေယာဉ်၏ ပစ္စည်းတင်ခန်းအတွင်းမှနေ၍ မီးစွဲလောင်သည့် မတော်တဆမှုမျိုးဖြစ်ပေါ်နိုင်ကြောင်း အမေရိကန်လေကြောင်းခရီးစဉ်များပျံသန်းမှု ဘေးကင်း လုံခြုံရေး ဖောင်ဒေးရှင်းက သတိပေးထားသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ခရီးသည်များ၏ လစ်သီယမ်ဓာတ်ခဲငယ်များ လေယာဉ်မီးလောင်မှုကို ဖြစ်စေနိုင်ကြောင်း သတိပေး
Reviewed by THITHTOOLWIN
on
07:27
Rating:
