ဧပြီ ၅၊ ၂၀၁၇
မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာနေ မဖာတေမာခါတူ၊ မဇော်မီလာခါတူနှင့် မမော်ရီယာခါတူတို့ သုံးဦးတို့သည် လွန်ခဲ့သော ၃လခန့်က အဓမ္မပြုကျင့်ခံရသည်ဟုဆိုကာ ငါးခူရနယ်မြေရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။
ကျားခေါင်းတောင်ကျေးရွာနေ မဖာတေမာခါတူနှင့် မဇော်မီလာခါတူတို့သည် မတ်လ ၃၀ရက် ညနေပိုင်း တွင်လည်းကောင်း၊ မမော်ရီယာခါတူသည် မတ်လ ၃၁ ရက် နံနက်ပိုင်းတွင်လည်းကောင်း ငါးခူရနယ်မြေရဲစခန်းတွင် လာရောက် တိုင်ကြားခဲ့ကြသည်။
၎င်းတို့၏ တိုင်းကြားချက်အရ ငါးခူရရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်ပြီး အမှုမှ တရားလိုနှင့် သက်သေများအား စစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်ခံရသူများအား မှုခင်းဆေးစာဖြင့် ဆေးစစ်ချက်ခံယူ နိုင်ရေး အခင်းဖြစ်ရပ်စစ်ဆေးနိုင်ရေးနှင့် တရားခံစုံစမ်းဖော်ထုတ်နိုင်ရေးတို့ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
အဓမ္မပြုကျင့်ခံရသည်ဟုဆိုကာ ကျားခေါင်းတောင်ကျေးရွာနေ အမျိုးသမီး ၃ ဦး အမှုဖွင့်တိုင်ကြား
Reviewed by THITHTOOLWIN
on
17:07
Rating:
