ကချင်နဲ့စစ်ကိုင်းတိုင်းနေရာတစ် ချို့မှာ မြေပြိုနိုင်

မိုးလေဝသနဲ့ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် ကို ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဒေသတစ်ချို့တို့မှာ နောက် ၃၆ နာရီအတွင်း မိုးများပြီး ရုတ်တ ရက်ရေကြီးတာတွေ၊ မြေပြိုကျတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေး လိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်း တိုင်းတာချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ လေဖိအားနည်း ချိုင့်ဝှမ်း (မိုးတိမ်တိုက်တစ်ခု) ဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အရှေ့ဖက်ဆီကို ဖြတ်သန်းသွားနေ တာမို့ မိုးကြီးနိုင် တယ်လို့ ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။

‘’မိုးလေဝသလိုပြောရင်တော့ လေဖိအားနည်းချိုင့်ဝှမ်းပေါ့ ဘင်္ဂလားဒေ့ရှ်ဖက်ကဝင်လာတာ လွန်ခဲ့ တဲ့ နှစ်ရက်လောက်ကတည်းက တွေ့နေရတယ်၊ မြန်မာပြည်အစပ်ရောက်နေပြီပေါ့နော်၊ ဒီကောင်က အရှေ့ပဲ ရွှေ့မယ်ဆိုတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်တို့ကို သူဖြတ်တော့မယ်ဗျ၊ မိုးရွာမယ့် တိမ်ဆိုတော့ မိုးတိမ်တောင်တွေလည်း ပါနေတော့ မိုးကြီးနိုင်တယ်ပေါ့’’

အဲဒီမိုးတိမ်တိုက်ဟာ မိုးရွာသွန်းနိုင်တဲ့အတွက် ဒီကနေ့မနက်ပိုင်းကစပြီး နောက် (၁၂) နာရီကနေ (၃၆) နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ ကချင်ပြည်နယ်အနှံ့ မိုးရွာကာ နေရာကွက်ပြီး မိုး ကြီးနိုင်ပါတယ်။

ဒါ့အပြင် လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေလည်း ဖြစ်နိုင်လို့ ဒေသခံတွေ သတိ ရှိရှိနေထိုင်ကြဖို့လည်း နှိုးဆော်လိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ