မောင်တော၊ ဧပြီလ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ အသစ်ဖွဲ့စည်းနေကြောင်း ခိုင်လုံသောသတင်းရင်းမြစ်များအရ သိရသည်။
မောင်တောမြို့ အင်းတောင်ဘင်္ဂလီကျေးရွာတွင် လူပေါင်း ၁၅၀ ကျော်ခန့်က မတ်လ ၂၉ ရက်နေ့ကစတင်ပြီး ၃ ရက်တိုင်တိုင်အစည်းအဝေးပြုလုပ်ကာ “ အာရ်ကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော် ” အမည်ဖြင့် အသစ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ အာရ်ကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော်ကို ဗဟိုကော်မတီဝင် (၈) ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းတာဝန်ခံ၊ မြောက်ပိုင်းတာဝန်ခံများဖြင့် စနစ်တကျဖွဲ့စည်းထားသည်ဟု သိရှိရသည်။
မောင်တောမြို့နယ် သိမ်တောင်ကျေးရွာတွင် မတ်လ ၃၁ ရက်နေ့က အကြမ်းဖက်သမားဟု ယူဆရသူ ၁၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ယင်းနှင့်ပတ်သက်၍ နယ်ခြားစောင့်အရာရှိတစ်ဦးက ၉/၁၀ အကြမ်းဖက်မှုအပြီးတွင် ခေါင်းဆောင်ပိုင်းလောက်သာ တစ်ဖက်နိုင်ငံသို့ထွက်ပြေးသွားကြပြီး အပေါင်းအပါများမှာ ဘင်္ဂလီရွာကြီးများတွင် ပုန်းခိုနေကြသောကြောင့် သတင်းရရှိသော်လည်း ဖမ်းဆီးရန် ခက်ခဲနေသေးကြောင်း ပြောသည်။
၎င်းအဖွဲ့သည် ကျေးရွာများတွင် အုပ်စုလိုက်ဖွဲ့စည်းပေးထားပြီး တစ်လလျှင် အဖွဲ့ဝင်တစ်ဦးကို လစာငွေ ၁ သိန်းကျပ်မှ ၂ သိန်းကျပ်အထိ ထောက်ပံ့ပေးထားပြီး အဖွဲ့ဝင်ငွေရရှိရေးအတွက် မောင်တောမြို့ပေါ်ရှိ ရွှေဆိုင်များ၊ စီးပွားရေးသမားများ၊ မူးယစ်ဆေးဝါးကုန်သည်များနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးလျှက်ရှိကြောင်း သိရှိရသည်။
ချလူးအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/
မောင်တောမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ အသစ်ဖွဲ့နေဟု သိရ
Reviewed by THITHTOOLWIN
on
19:35
Rating:
