မြိတ် ဧပြီလ ၅ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ရန်ကုန်မြို့သို့ဘုရားဖူးပြီး ပြန်သွားမည့် ဘုရားဖူးမော်တော်ယာဉ်တစ်စီးသည် ဘုရားဖူးခရီးသည်များတင်ဆောင်၍ မြိတ်မြို့မှ ဧပြီလ(၅)ရက်၊ နံနက်(၂)နာရီက စတင်ထွက်ခွာရာ မြိတ်မြို့၊ ကန်ဖျားလမ်းဆုံအရောက်တွင် အရှိန်လွန်ကာ လမ်းဘေးရှိ ထရန်စဖော်မာအား ၀င်တိုက်မှုဖြစ်ပွါးခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်မောင်းဦးတင်ထွဋ်အောင်မောင်းနှင်လာသည့် ဦးသန်းဌေးနှင့်ရောင်းရင်းများ ဘုရားဖူးယာဉ်အမှတ် 7G – 3045 ၊ Express ဟွန်ဒိုင်းအမျိုးအစား မှန်လုံကားအနီရောင်သည် ဘုရားဖူး ခရီးသည်(၃၄)ဦးတင်ဆောင်လျှက် ရန်ကုန်မြို့သို့ပြန်ရန် မြိတ်မြို့မှ စတင်ထွက်ခွါမောင်းနှင်လာစဉ် ကန်ဖျားလမ်းမကြီးနှင့် ကန်ဖျားမြေနီလမ်းလေးဆုံအရောက်တွင် လမ်းထောင့်အကွေ့ရှိ လမ်းဘေး ထရမ်စမော်မာအား အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် မော်တော်ယာဉ်မှာ လမ်းဘေးရေမြောင်းအတွင်းသို့ထိုးကျပြီး ကား၏အရှေ့ဘက်ခြမ်းပျက်စီးသွားခဲ့ကာ ကားပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနင်သူ ယာဉ်မောင်းအား ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Iprd Myeik
သစ်ထူးလွင်
ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးထရမ်စဖော်မာကိုဝင်တိုက်
Reviewed by THITHTOOLWIN
on
16:16
Rating:
