မုံရွာမြို့ ဘုန်းကြီးကျောင်းမုခ်ဦးရှေ့တွင် မွေးကင်းစ ကလေးငယ်တစ်ဦးကို ငွေနှစ်သောင်းကျပ်နှင့်အတူ လာရောက်စွန့်ပစ်


မုံရွာ၊ ဧပြီ ၂၀။

မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ရွှေသိမ်တော်ကြီး ဘုန်းကြီးကျောင်းမုခ်ဦးရှေ့တွင် ဧပြီ ၁၉ ရက်နေ့ ည ၈ နာရီခန့်က မွေးကင်းစ ကလေးငယ်တစ်ဦးကို ငွေနှစ်သောင်းကျပ်နှင့်အတူ လာရောက်စွန့်ပစ်ခဲ့မှုတစ်ခု ဖြစ်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသန်းထွန်းအောင်က ပြောသည်။

ကလေးငယ်မှာ ယောကျာင်္လေး ဖြစ်ပြီး ၇ ရက်သားခန့်ရှိမည်ဟု ခန့်မှန်းရကာ ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

"ဆိုင်ကယ်နဲ့အမျိုးသမီး နှစ်ယောက်လာပြီး အုတ်ခုံပေါ်တင်သွားတာကို ကိုရင်တစ်ပါးက မြင်လိုက်တယ်၊အထုပ်တစ်ထုပ်ပဲထင်ပြီး သွားကြည့်တော့ ကလေးဖြစ်နေလို့ ကျောင်းထိုင်ဘုန်းကြီးသွားလျှောက်ထားရာကနေ သိရတာ။ ကလေးပိုင်ရှင်က ပစ်စလက်ခတ်ထဲကတော့ မဟုတ်နိုင်ဘူး။ မွှေ့ယာနဲ့ ကျကျနနပဲ၊တစ်သောင်းတန် နှစ်ရွက်လည်းထည့်ထားတယ်။ နို့မှုန့်ထုပ်လည်း ပါတယ်။ နောက်ပြီး သြဇာညွန့်လေးရော ထည့်ထားတာ"ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ညအမှောင်ထုတွင် ကလေးငယ်အား လာရောက်စွန့်ပစ်ခဲ့သော်လည်း ဘုန်းကြီးကျောင်းမှ ချက်ချင်းတွေ့ရသဖြင့် ကလေးငယ်မှာ အသက်အန္တရာယ်ကင်းကင်းဖြင့်တွေ့ရခြင်းဖြစ်ကြောင်း၊ ၄င်းအနီးအနားတွင် ကလေးများ လာရောက်စွန့်ပစ်မှုများရှိခဲ့ကြောင်း၊တစ်ချို့မှာ ခွေးများဆွဲသဖြင့်ခြေလက် အဂါ င်္များမစုံပဲ သေလျက် တွေ့ရှိခဲ့ရဖူးကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
အဆိုပါကလေးငယ် ကို မုံရွာတောင် နယ်မြေ ရဲကင်းမှ ရဲ တစ်ဦးက မွေးစားရန် ဘုန်းတော်ကြီးများ၊ ရပ်ကွက် ရပ်မိရပ်ဖများရှေ့တွင် သက်သေထားကာ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
မုံရွာမြို့ ဘုန်းကြီးကျောင်းမုခ်ဦးရှေ့တွင် မွေးကင်းစ ကလေးငယ်တစ်ဦးကို ငွေနှစ်သောင်းကျပ်နှင့်အတူ လာရောက်စွန့်ပစ် မုံရွာမြို့ ဘုန်းကြီးကျောင်းမုခ်ဦးရှေ့တွင် မွေးကင်းစ ကလေးငယ်တစ်ဦးကို ငွေနှစ်သောင်းကျပ်နှင့်အတူ လာရောက်စွန့်ပစ် Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.