အမေရိကန် က ဆီးရီးယား အားဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ပြော

ရုရှား နိုင်ငံကာကွယ်ရေးဝန်ကြီး Sergei Shoiguအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    မော်စကို ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

    ရုရှား နိုင်ငံကာကွယ်ရေးဝန်ကြီးSergei Shoigu က မော်စကိုအပြည်ပြည်ဆိုင်ရာလုံခြုံရေးအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံShayratလေတပ် စခန်းအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ်မှာ နိုင်ငံတကာဥပဒေကိုပေါ်ပေါ်ထင်ထင် ချိုးဖောက် ခဲ့ခြင်း ဖြစ်ကြောင်းပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံ က ဆီးရီးယားလေတပ် ကိုတိုက်ခိုက်ခဲ့ခြင်းမှာ ဆီးရီးယား နိုင်ငံတွင် တာဝန် ထမ်းဆောင် နေသည့် ရုရှာ တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် ကို ခြိမ်းခြောက်ရာရောက်ပြီး ရုရှာ နိုင်ငံအနေဖြင့် ရုရှား အစိုးရတပ်ဖွဲ့၏ အသက်အန္တရယ် ကိုကာကွယ်ရန် အတွက် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း Shoigu က ပြောကြားခဲ့သည်။

ယခုလ ၇ ရက်နေ့တွင် အမေရိကန် တပ်ဖွဲ့သည် ဆီးရီးယား နိုင်ငံ Shayrat လေတပ် စခန်းကိုဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ် ခဲ့ပြီး ဆီးရီးယား နိုင်ငံအနေဖြင့် အဆိုပါ လေတပ် စခန်းမှ ဓာတုလက်နက် ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ၄င်းလေတပ် စခန်းရှိ ဓာတုလက်နက် လက်ကျန် ကိုဖျက်ဆီးလိုသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံ က ဆိုသည်။

ယခုနှစ်ဧပြီလ၄ရက်နေ့တွင်ဆီးရီးယားနိုင်ငံIdlib ပြည်နယ်တောင်ပိုင်းမြို့ တစ်မြို့တွင် ဓာတုလက်နက် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။အမေရိကန် နိုင်ငံ နှင့် အနောက်နိုင်ငံများ က ထိုတိုက်ခိုက်မှု ကိုဆီးရီးယား နိုင်ငံအစိုးရတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့သည် ဟု သေချာကြောင်း သတ်မှတ် ခဲ့သော်လည်းဆီးရီးယား နိုင်ငံကမူအသီးသီးသောစွပ်စွဲချက်များကို ငြင်းဆန် ခဲ့သည်။

သို့သော် လက်ရှိချိန်ထိအမေရိကန် နိုင်ငံအနေဖြင့် ဆီးရီးယား နိုင်ငံShayratလေတပ် စခန်းတွင် ဓာတုလက်နက် ရှိကြောင်းမည်သည့် သက်သေအထောက်အထားကိုမှ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။

(Xinhua)
http://xinhuamyanmar.com
အမေရိကန် က ဆီးရီးယား အားဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ပြော အမေရိကန် က ဆီးရီးယား အားဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ပြော Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.