မန္တလေး မတ် ၇
မန္တလေးတိုင်းဒေသကြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ကားလမ်း မိုင်တိုင်အမှတ် ၃၀၅/၂နှင့် ၃ကြား လမ်းအရှေ့ဘက်မှ အနောက်ဘက်ရှိ ကျေးရွာသွား လမ်းသို့ဖြတ်ကူးသည့်ေ ကျာ်ဆန်း မောင်းပြီး နောက်ခုံတွင်၂ယောက်ပါသော ဆိုင်ကယ်နှင့် ရန်ကုန်ဘက်ဦးတည်မောင်းလာသော အိမ်စီးကားနဲ့ မတ် ၇ရက်နေ့ ၁၂နာရီမှာ တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါသူသုံးဦးလုံးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်က မလှိုင်မြို့နယ် အုတ်ဖိုကန်ရွာကို သွားတဲ့လမ်းကိုဖြတ်ကူးသည့် ပထမတန်းကျောင်းသူ စုရတီစိုးက ပေါင်ကျိုးပြီး ဦးဖိုးခွေးက လက်ကျိုး ၊ ဆိုင်ကယ်မောင်းတဲ့ ကျော်ဆန်းက ဦးခေါင်းနဲ့ လက်တွေပေါက်ပြဲခဲ့ရခြင်းကြောင့် မိတ္ထီလာဆေးရုံ ပို့လိုက်ရတယ်လို့ သီကုန်းရဲစခန်းစခန်းမှူးကပြောသည်။
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးကို ဖြတ်ကူးသည့် ဆိုင်ကယ်စီးသူကျော်ဆန်းကို အမှု့အမှတ်(ပ)၂၅၁/၂၀၁၇အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ၁၈နှင့် အမှု့အမှတ်ယာဉ်(ပ)၁၆/၂၀၁၇ယာဉ်မဆင်မခြင်မောင်းနှင် ဒဏ်ရာရရှိစေသောပြစ်မှု့ပုဒ်မ၃၃၇/၃၃၈ဖြင့် မိတ္ထီလာသီကုန်းရဲစခန်းမှာအမှု့ဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးကို ဆိုင်ကယ်ဖြင့် ဖြတ်ကူးသူ ကားဖြင့် တိုက်မိ
Reviewed by THITHTOOLWIN
on
19:14
Rating:
