သံဖြူဇရပ်မြို့လယ်အဝိုင်း ဟင်္သာရုပ်တု ယာဉ်မတော်တဆမှုကြောင့် ပျက်စီး


သံဖြူဇရပ်၊ ဧပြီ ၂၆

သံဖြူဇရပ်မြို့လယ်အဝိုင်းတွင် တပ်ဆင်ထားသည့် ဟင်္သာရုပ်သည် ဧပြီလ ၂၆ရက်နေ့  ယနေ့ နေ့လည် ၂ နာရီခန့်ကဖြစ်ပွားသည့် ယာဉ်မတော်တဆမှုကြောင့် အောက်ခြေမှပြတ်ကျိုးကျက ကြေမွပျက်စီးသွားသည်ဟု သိရသည်။

ယာဉ်မောင်း မြင့်ဦး (ဘ) ဦးခွေးမောင်းနှင်လာသည့် ကောင်းထက်စံအမည်ပါ ယာဉ်အမှတ် 1B2041 သည် ဘိလတ်မြေများတင်ဆောင်က မော်လမြိုင်မှရေးမြို့သို့ထွက်ခွာလာစဉ် သံဖြူဇရပ်မြို့လည်အဝိုင်းအရောက် အရှိန်မထိန်းနိုင်ပဲ လူတစ်ရပ်ခန့်မြင့်သည့် မြို့လယ်အဝိုင်းအုတ်ခုံကိုကျော်ဖြတ်တက်ကာ ဟင်္သာရုပ်တုကိုတိုက်မိခြင်းဖြစ်သည်။


တိုက်မိစဉ် ယာဉ်သည် တစ်နာရီကီလိုမီတာ ၁၀၀ ခန့်နှုန်းဖြင့် အရှိန်ပြင်းစွာမောင်းနှင်လာဖြင်းဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့သည် ယာဉ်ထိန်းတစ်ဦးကပြောသည်။

ထို့ပြင် ယင်းယာဉ်သည် မတိုက်မိခင်အချိန်လေးတွင်း လီဗာကိုဆတ်နင်းပြီး ဂီယာဖြင့်အရှိန်သတ်ရန်ကြိုးစားခဲ့ပုံရသည့်အတွက် ဘရိတ်ပေါက်နေပုံလဲရသည်ဟု ယင်းယာဉ်မတော်တဆဖြစ်မှု အနီးရှိဆိုင်ကယ်တက်စီဂိတ်မှ တက်စီသမားတစ်ဦးကပြောသည်။

ယာဉ်မတော်တဆဖြစ်စဉ်အချိန်တွင် ယာဉ်မောင်းနှင့်နောက်လိုက်နှစ်ဦးလုံးသည် မူးယစ်နေသည်ဟုသိရပြီး ရဲစခန်းရောက်ချိန်ထိ အမူးမပြေသေးကြောင်းသိရသည်။


ယခုအခါ ယာဉ်မောင်းဖြစ်သူ မြင့်ဦးနှင့် အတူပါ စပါယ်ယာဖြစ်သူ မျိုးဇော်လတ် (ခ) ဇော်ငယ်တို့အား ချုပ်နှောင်ထားပြီး ယာဉ် (ပ) ၂၀/၂၀၇၊ ၂၇၉ ဖြင့် အရေးယူရန်ဆောင်ရွက်နေပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့်လည်း သီးခြားအရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။

သံဖြူဇရပ်မြို့လည်အဝိုင်းဟင်္သာရုပ်ထုကို စုစုပေါင်ကုန်ကျစားရိတ် သိန်းပေါင်း ၁၀၀ ခန့်ဖြင့်ထုလုပ်ကာ မွန်အမျိုးသားနေနှင့်ပြည်ထောင်စုနေ့တစ်ထပ်တည်းကျရောက်သည့် (တပို့တွဲလဆုတ် ၁ ရက်/ ဖေဖော်ဝါရီလ ၁၂ ရက်) နေ့ကမှ ဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းနှင့် ဓါတ်ပုံ - ထ၀်
Than Lwin Times
https://www.facebook.com/thanlwintimes9/
သံဖြူဇရပ်မြို့လယ်အဝိုင်း ဟင်္သာရုပ်တု ယာဉ်မတော်တဆမှုကြောင့် ပျက်စီး သံဖြူဇရပ်မြို့လယ်အဝိုင်း ဟင်္သာရုပ်တု ယာဉ်မတော်တဆမှုကြောင့် ပျက်စီး Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.