လင်မယားချင်း ရန်ဖြစ် ကြရာမှ မယားကဓါးဖြင့်ခုတ်၍ လင်ဖြစ်သူ ဒဏ်ရာရ သေဆုံး


ကချင်ပြည်နယ် ရွှေ ကူ မြို အမှတ် (၁ )့ ရွာသစ်ရပ်တွင် လင်မယားချင်း ရန်ဖြစ်ကြရာမှ မယားဖြစ်သူကဓါး ဖြင့်ခုတ်၍ လင်ဖြစ်သူဒဏ်ရာရ ရှိပြီး သေဆုံးမှု ဖြစ်ပွါးကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်( ၁)ရွာသစ် ရပ် ။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမိုးအောင်သည် ဧပြီ ၂၇ ရက်နေ့  မွန်းလွဲ ၁၂ နာရီ ခွဲ က အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေစဉ် အမှတ်(၁ ) ရပ် နေ မထွေးငယ်(ခ ) မငယ် နှင့် ၄င်း ၏ခင်ပွန်း ထွန်းခင်မင်း (ခ ) ဘိုခိုင် ( ၃၆ )နှစ်( ဘ) ဦးထွေးအောင် တို့ နှစ်ဦး လင်မယားချင်း ရန်ဖြစ်ကြရာမှ မထွေးငယ် က ခင်ပွန်း ဖြစ်သူအား ဓါးဖြင့်ခုတ်မှု ဖြစ်ပွါကြောင်း ရာအိမ်မှူး ဦးသောင်းညွန့် က ဖုန်းဆက် ပြောခဲ့ သဖြင့် မြို့မရဲစခန်းသို့ သတင်းပေးပို့ခဲ့သည်။

ထိုနောက် ဦးမိုးအောင်သည် ရဲတပ်ဖွဲ့ ဝင်များနှင့်အတူ အခင်း ဖြစ်နေရာသို့  သွားရောက်ကြည့် ရှု ခဲ့ကြရာ ထွန်းခင်မင်း (ခ ) ဘိုခိုင် သည် ၄င်း၏ နေအိမ် နောက်ခန်းတွင် ပက်လက်အနေအ
ထားဖြင့် သွေးများဖျာထွက်လျက်လည်ဂုတ်တွင် သုံးလက်ခန့်  ပြတ်ရှ ဒဏ်ရာ ( စိုးရိမ်ရ) ရရှိ ထားပြီး လဲကျနေသည်ကိုတွေရှိရ သည်။

အရှည်အရိုးအသွား ပါ နှစ်ပေ တစ်လက်မ ၊ ဗျက် နှစ်လက်မ ရှိ ဓါး မ ကို သက်သေခံဓါးကိုရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြပြီး ထွန်းခင်မင်း ( ခ)ဘိုခိုင် အား ရဲဆေးစာနှင့်အတူ ရွှေကူ ပြည်သူ့ ဆေးရုံ ကြီးသို့  ပို့အပ် ခဲ့ကြ ရာ ဆေးကုသခံယူနေစဉ် ထွန်းခင်မင်း( ခ) ဘိုခိုင်သည် ညနေ ပိုင်း တွင်သေဆုံး ခဲ့သည် ။

အမှုအား ဦးမိုးအောင်က တရားလိုပြုလုပ် ၍ တရားတိုက်တန်းခဲ့ ရာ မြို့ မရဲ စခန်းက ( ပ) ၇၀ /၂၀၁၇ ။ ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့် ၍ မထွေးငယ် ( ခ ) မငယ် ။ ၃၈ နှစ် ။(ဘ) ဦးတင်မောင် ။ ဗမာ / ဗုဒ္ဓ ။ကျဘန်း ။ အမှတ် ( ၁ ) ရွာသစ်ရပ် ။ရွှေကူ မြို့ နေထိုင်သူကိုအမှု စစ် စခန်းမှူး ဒုရဲမှူး မြင့်ဆွေ ကစစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ။

ဆီမီးခုံ - နန်းရီ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လင်မယားချင်း ရန်ဖြစ် ကြရာမှ မယားကဓါးဖြင့်ခုတ်၍ လင်ဖြစ်သူ ဒဏ်ရာရ သေဆုံး လင်မယားချင်း ရန်ဖြစ် ကြရာမှ မယားကဓါးဖြင့်ခုတ်၍ လင်ဖြစ်သူ ဒဏ်ရာရ သေဆုံး Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.