ပခုက္ကူ တံတားအနီးတွင် ပုဂံမင်းသား ခရီးသယ်ယာဉ် မီးလောင်မှု ဖြစ်ပွား

ပခုက္ကူ တံတားအနီးတွင် ပုဂံမင်းသား ခရီးသယ်ယာဉ်တစ်စီး အင်ဂျင်စက်အပူလွန်ကဲရာမှတဆင့် မီးလောင်မှု ဖြစ်ပွား
ညောင်ဦး ဧပြီ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ နယ် ညောင်ဦး-မြင်းခြံသွားလမ်း ပခုက္ကူ တံတားအနီး မိုင်တိုင် မှတ် ၁၃ မိုင်နေရာတွင်ဧပြီ ၂၂ ရက် ယနေ့ ည ၆ နာရီ ၅ မိနစ် အချိန်က ယာဉ်မောင်း ကျော်သူရ မောင်းနှင်လာ ယာဉ်အမှတ် ----- ပုဂံမင်းသားခရီးသယ်ယာဉ်မှာအင်ဂျင်စက် အပူလွန် ကဲရာမှတဆင့် ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ ပခုက္ကူ ခရိုင် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊  ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီးတို့က ဒေသခံများ နှင့် ပူးပေါင်း၍ အချိန်မီ မီးငြှိမ်းသတ်ခဲ့ရာ ၆း၃၅မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် ဆုံးရှုံးမှု တန်ဖိုး သိန်းခန့် ရှိခဲ့ကြောင်းနှင့် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာခဲ့ကြ သည့် ခရီးသယ်များ ထိခိုက်ဒဏ်ရရှိမှု မဖြစ်ခဲ့ကြောင်း သိရ သည်။


အဆိုပါ မီးလောင်ကျွမ်းမှု နှင့် ပက်သက်၍ ပုဂံမင်းသား ယာဉ်မောင်း ကျော်သူရအား လက်ပံခြေပေါ်နယ်မြေရဲစခန်းမှ ရဲအုပ် လင်းလင်းထိုက်က တရားလိုပြု လုပ်၍ (ပ) ၁၀/၂၀၁၇ ပုဒ်မ - ၂၈၅ ဖြင့် အမှု ဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပခုက္ကူ တံတားအနီးတွင် ပုဂံမင်းသား ခရီးသယ်ယာဉ် မီးလောင်မှု ဖြစ်ပွား ပခုက္ကူ တံတားအနီးတွင် ပုဂံမင်းသား ခရီးသယ်ယာဉ် မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.