ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် ရေတပ်သင်္ဘော ချတာကို မြောက်ကိုရီးယား တုံ့ပြန်ပြောဆို

 မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းကို စိုးရိမ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ကိုးရီးယားကျွန်းဆွယ်ကို စစ်သင်္ဘောအုပ်စုတစု စေလွှတ်
တောင်ကိုရီးယား ကျွန်းဆွယ်နားက ရေပြင်မှာ အမေရိကန်က လေယာဉ်တင် သင်္ဘောတစင်း ချထားတာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားအနေနဲ့ အင်အားကြီး လက်နက်တွေနဲ့ သူတို့ကိုသူတို့ ကာကွယ်သွားမယ် ဆိုပြီး တုံ့ပြန်လိုက်ပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေအရ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်တွေ အပါအဝင် ဘယ်လို လက်နက်မျိုးမဆို တပ်ဆင်ခွင့် ရှိတယ် ဆိုတာ ဖေါ်ပြနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး မြောက်ကိုရီးယား အစိုးရ သတင်းအေဂျင်စီမှာ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ မစ်ဆိုင်းနဲ့ နျူကလီးယား စီမံကိန်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိပြီး တုံ့ပြန်တဲ့အနေနဲ့ လေယာဉ်တင် သင်္ဘောတစင်းနဲ့ ဒုံးခွင်း စစ်သင်္ဘော ၃စင်း အပါအဝင် ရေတပ် စစ်သင်္ဘောအုပ်စုတစုကို ကိုရီးယား ဒေသထဲ စေလွှတ်လိုက်ကြောင်း တနင်္ဂနွေနေ့တုန်းက အမေရိကန် ကာကွယ်ရေး တာဝန်ရှိပုဂ္ဂိုလ်တဦးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် ရေတပ်သင်္ဘော ချတာကို မြောက်ကိုရီးယား တုံ့ပြန်ပြောဆို ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် ရေတပ်သင်္ဘော ချတာကို မြောက်ကိုရီးယား တုံ့ပြန်ပြောဆို Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.