ညောင်လေးပင်မြို့၌ ဆီဘောက်စာယာဉ် မီးလောင်မှုဖြစ်ပွား


ညောင်လေးပင် ဧပြီ ၁ဝ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မျက်စိဆေးရုံအနီး ဧပြီ ၁ဝ ရက်နေ့အဝင်ည ၁၂ နာရီ ၄၅ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြွန်တန်ဆာမြို့အထွက် ရန်ကုန်-မန္တလေးလမ်းမိုင်တိုင်အမှတ် (၉၄/၃-၄) အကြား သီတဂူစက္ခု့ဒါနဆေးရုံအနီး ရန်ကုန်ဘက်မှ တောင်ကြီးမြို့သို့ ယာဉ်မောင်း သန်းထွန်း (၅၂ နှစ်) ရွှေမင်းဝံရပ်ကွက် စစ်ကိုင်းမြို့နေသူမောင်းနှင်လာသော 6 J-6391 ဟီးနိုး (၁၂ ဘီးအဖြူရောင်) ဒီဇယ်များတင်ဆောင်လာသော ဆီဘောက်ဆာယာဉ်သည် ယာဉ်နောက်ဝဲဘက်ဘီး အပူလွန်ကွဲ၍မီးလောင်မှုဖြစ်ပွားခဲ့သည်။


မီးလောင်ရာသို့ ညောင်လေးပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးသိန်းထိုက်နှင့်တပ်ဖွဲ့ဝင်များပြွန်တန်ဆာမီးသတ်တပ်စုမှူး ချမ်းမြေ့ထွန်း ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ခြောက်စီးနှင့်အတူ သွားရောက်ငြိမ်းသတ်ရာ ည ၁ နာရီတွင် မီးငြိမ်းခဲ့ပါည်။ မီးလောင်မှုကြောင့် ယာဉ်နောက်ဘီးတာယာ လေးလုံးပျက်စီးဆုံးရှုံးခဲ့သည်။

သို့ပါ၍ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းခဲ့သဖြင့် ယာဉ်မောင်း သန်းထွန်းအား ပြွန်တန်ဆာနယ်မြေရဲစခန်းက အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ခင်အောင်လှိုင်(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ညောင်လေးပင်မြို့၌ ဆီဘောက်စာယာဉ် မီးလောင်မှုဖြစ်ပွား ညောင်လေးပင်မြို့၌ ဆီဘောက်စာယာဉ် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.