အောင်ပြည့်စုံ ခရီးသည်တင်ယာဉ် ပေ ၁၈၀ အနက်ရှိ ချောက်ထဲသို့ ထိုးကျ


အမ်း ဧပြီ ၂၇ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ၊ အမ်းမြို့နယ် ၊ အမ်းတောင်ကျေးရွာအုပ်စု ၊ ငပြယ်ကျေးရွာ
အနီး၌ အောင်ပြည့်စုံ ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်၍ ကားလမ်း၏ ယာဘက် ပေ ၁၈၀ အနက်ရှိ ချောက်ထဲသို့ ဧပြီလ ၂၇ ရက် ၊ နံနက် ၉ နာရီ အချိန်က ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဉ်မှာ မင်းဘူး- အမ်းကားလမ်း မိုင်တိုင်အမှတ် ၊ ၇၆/၁ မိုင် ခမမပည FS ၁၉၅၉၆၂ နေရာတွင် ရန်ကုန်မှစစ်တွေသို့ အကူယာဉ်မောင်း ဦးစိုးကျော်သူ (ဘ) ဦးကျော်ဝေ အသက် ၃၈ နှစ်၊
ရခိုင်။ ဗုဒ္ဓ ငပြယ်ကျေးရွာနေသူ မောင်းနှင်လာသော ယာဉ်အမှတ် ၂ဗ ၅၀၂၇ ဟွန်ဒိုင်းအမျိုးအစား အောင်ပြည့်စုံ ခရီးသည် တင်ယာဉ်မှာ ယာဉ်မောင်း နှစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး ၊ ခရီးသည်နှစ်ဦး နှင့် ကုန်စည်များအား တင်ဆောင်မောင်းနှင်လာစဉ် ဘရိတ်ပေါက်၍ ချောက်ထဲသို့ ထိုးကျခဲ့သည်။

အခင်းဖြစ်ရာနေရာသို့ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ ၊ဝန်းထမ်းများ ၊ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ၊ အမ်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တို့ သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူများအား အမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။


 ယာဉ်တိမ်းမှောက်မှုကြောင့် ဦးစိုးကျော်သူ၊ ဦးတင်ထွန်း၊ ဦးစည်သူချမ်း၊ ဦးကျော်လင်းတို့မှာပေါက်ပြဲဒဏ်ရာများ ရရှိသဖြင့် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက်ရှိပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အကူယာဉ်မောင်းဦးစိုးကျော်သူ အား ဥပဒေအရ အရေးယူပေးပါရန် လ၁၈၁၉၁၅ ၊ ရဲတပ်ကြပ်ကြီး အောင်သူရိန် က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အမ်းမြို့မရဲစခန်းယာဉ်(ပ)၁၀။၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇။ ၃၃၈ ဖြင့် အမှု ရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် ( ပြန်ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အောင်ပြည့်စုံ ခရီးသည်တင်ယာဉ် ပေ ၁၈၀ အနက်ရှိ ချောက်ထဲသို့ ထိုးကျ အောင်ပြည့်စုံ ခရီးသည်တင်ယာဉ် ပေ ၁၈၀ အနက်ရှိ ချောက်ထဲသို့ ထိုးကျ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.