မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့၊ ဥပ္ပုံစု ရပ်ကွက်၊ သစ္စာလမ်းရှိ အလျားပေ(၂၀)အနံ(၁၅)ပေရှိ အုတ်လုပ်တဲ့ကန်ဟောင်းမှာ ဧပြီလ(၁၇)ရက် ညနေ(၅)နာရီ အချိန်ခန့်က (၁၆)နှစ်နဲ့(၁၄)နှစ်အရွယ်ကလေးနှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ တိုက်ကြီး မြို့မ ရဲစခန်းက ဒုရဲအုပ် မင်းအောင်ရဲ့ ပြောကြားချက်အရသိရပါတယ်။
သူငယ်ချင်း(၉)ယောက် ရေသွားကူးရာကနေ လူငယ်နှစ်ဦးရေနစ်သေဆုံးတာဖြစ်ပြီး ရေနစ်သေဆုံးတဲ့ ကန်ဘေးမှာ စက်ဘီးတစ်စီးနဲ့ဖိနပ်တစ်ရံ၊ ဘောင်ဘီအတို တစ်ထည်နဲ့ ရှာထိုးဦးထုပ် တစ်လုံးတို့တွေရှိကြောင်း ၊ ကလေးတစ်ဦးကရပ်ကွက်ရုံးကို လာရောက်အကြောင်းကြားရာကနေ သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားပြီး ရေနစ်သေဆုံးသူ လူငယ်နှစ်ဦးကို ဆည်ယူရကြောင်းဥပ္ပုံစု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံထွန်းက ရှင်းပြပါတယ်။
ရေနစ်သေဆုံးသူ ကလေးငယ်နှစ်ဦးကို တိုက်ကြီးမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၇ နဲ့ ဖွင့်လှစ်ခဲ့ပြီး ဓမ္မတာ အတိုင်း သေဆုံးတာဟုတ်မဟုတ် တိုက်ကြီးမြို့နယ် ပြည်သူဆေးရုံက စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
တိုက်ကြီးမြို့တွင် အုတ်လုပ်သည့်ကန်အတွင်း ရေကူးရာမှ လူငယ်နှစ်ဦးရေနစ်သေဆုံး
Reviewed by THITHTOOLWIN
on
21:04
Rating:
