မော်တော်ယာဉ်တစ်စီး ပေ ၇၀ ကျော်ခန့်ရှိ ချောက်ထဲထိုးကျ တစ်ဦးသေဆုံး

စန်းလုရွာနှင့် ယန်းခေါင်ရွာကြား တောင်ပေါ်ကားလမ်းမပေါ်၌ မော်တော်ယာဉ်တစ်စီး ပေ ၇၀ ကျော်ခန့်ရှိ ချောက်ထဲထိုးကျ တစ်ဦးသေဆုံး
တာချီလိတ် ဧပြီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုရွာနှင့် ယန်းခေါင်ရွာကြား တောင်ပေါ်ကားလမ်းမပေါ်တွင် မော်တော်ယာဉ်တစ်စီး ပေ ၇၀ ကျော်ခန့်ရှိ ချောက်ထဲသို့ ထိုးကျကာ အမျိုးသားတစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦးဒဏ်ရာရရှိသည့် ဖြစ်စဉ် ဧပြီ ၂၅ ရက်နေ့ ည ၇ နာရီခန့်ဖြစ်ပွားခဲ့သည်။

တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များသွားရောက် စစ်ဆေးရာ အားဝူ(၃၃ နှစ်)၊ ဂျော့ပရွာ၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်နေသူသည် နဖူး၊ လက်မောင်း၊ ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ် ရာများဖြင့် သေဆုံးနေပြီး၊ မောင်အားမူ (၇ နှစ်)သည် ဦးခေါင်းနှောက်စေ့ပေါက်ပြဲ၊ ယာမျက်လုံးညိုမဲဒဏ်ရာများဖြင့် သတိလစ်နေသည်ကို စစ်ဆေးတွေ့ရှိရသည်။

ဖြစ်စဉ်အား ဆက်လက်စစ်ဆေးရာ ဧပြီ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က တာချီလိတ်မြို့မှ ၁၀ ခန့်အကွာ၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာအုပ်စု၊ စန်းလုရွာနှင့် ယန်းခေါင်းရွာ ကြား တောင်ပေါ်ကားလမ်မပေါ်တွင် စန်းလုရွာဘက်မှ ယန်းခေါင်ရွာဘက်သို့ အားဝူး မောင်းနှင်ပြီး ရှေ့ခေါင်းခန်း ဝဲဘက်တွင် တူဖြစ်သူ မောင်အားမူ လိုက်ပါလာသည့် VIGO အဖြူရောင် မော်တော်ယာဉ်သည် တောင်ပေါ်လမ်းအကွေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက် ပေ ၇၀ ကျော်ခန့်ရှိ ချောက်ထဲသို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အမှုအား တာချီလိတ်မြို့မရဲစခန်းက ယာဉ်(ပ)၂၃/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉^၃၃၈^၃၀၄-က ဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မော်တော်ယာဉ်တစ်စီး ပေ ၇၀ ကျော်ခန့်ရှိ ချောက်ထဲထိုးကျ တစ်ဦးသေဆုံး  မော်တော်ယာဉ်တစ်စီး ပေ ၇၀ ကျော်ခန့်ရှိ ချောက်ထဲထိုးကျ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.