ပုသိမ်မြို့ ငဝန်မြစ်အတွင်း စက်လှေမောင်းသမားတစ်ဦး မိုးကြိုးထိမှန်သေဆုံး


ပုသိမ်မြို့ ငဝန်မြစ်အတွင်းမှာဧပြီ(၁၄)ရက်နေ့လယ်(၁)နာရီက စက်လှေမောင်းတစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ပုသိမ်မြို့နယ်မြေရဲစခန်းကနေသိရပါတယ်။ ဖြစ်ပွားပုံမှာငပုတောမြို့နယ် ကမ်းနီ ကျေးရွာမှာနေထိုင်တဲ့ စက်လှေမောင်းသူ ကိုဝှီးဒေါ့ ဟာ ပရိဘောဂတင်ဆောင်ဖို့ ပုသိမ်မြို့ကိုအလာ ငဝန်မြစ်အတွင်း ဝဲဒေါင့်ကူးတို့ဆိပ်အနီးမှာ မိုးကြိုးထိမှန်သေဆုံးခဲ့တာဖြစ်တယ် လို့သိရပါတယ်။

 အဲဒီအခင်းဖြစ်ပွားချိန်မှာ စက်လှေပိုင်ရှင် ဦးဇော်မင်းနိုင်ဟာလည်းအတူရှိနေကြောင်းနဲ့ ပုသိမ်မြို့နယ်မြေ ရဲစခန်းက သေမှုသေခင်း ၃/၂၀၁၇ အရအမှုဖွင့်ထားကြောင်းသိရပါတယ်။ဒီသတင်းကို ပုသိမ်ဗျူရိုက စိုးသိမ်းနဲ့စိုးမြင့်ဦးတို့က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

ပုသိမ်မြို့ ငဝန်မြစ်အတွင်း စက်လှေမောင်းသမားတစ်ဦး မိုးကြိုးထိမှန်သေဆုံး ပုသိမ်မြို့ ငဝန်မြစ်အတွင်း စက်လှေမောင်းသမားတစ်ဦး မိုးကြိုးထိမှန်သေဆုံး Reviewed by THITHTOOLWIN on 17:29 Rating: 5
Powered by Blogger.