ရှမ်းယဉ်ကျေးမှုသင်တန်းကျောင်းမှ ကလေးငယ်တစ်ဦး ကျောင်းဆင်းချိန် ရေဆင်းချိုးရာမှ ရေနစ်သေဆုံး


မိုးကောင်း ဧပြီ ၉

ကချင်ပြည်နယ် မိုးကောင်းမြို့. နတ်ကြီးကုန်းရပ် ကမ္ဘောဇဘုန်းကြီးကျောင်းတွင် ရှမ်းယဉ်ကျေးမှု သင်တန်းကျောင်းတက်ရောက်နေသူ ကလေးငယ်တစ်ဦး ကျောင်းဆင်းချိန် မိုးကောင်းချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဧပြီ(၉)ရက် ညနေ(၄)နာရီက သင်တန်းပြီးဆုံးချိန် ကလေးငယ်(၂၆)ဦးသည် နတ်ကြီးကုန်းရပ် ရှမ်းပိုင်းစက်လှေဆိပ်တွင် ရေဆင်းချိုးရာမှ မောင်နေဝင်းထူး(၉)နှစ်(ဘ)ဦးအိုက်ပီး နတ်ကြီးကုန်း (နက/၇၃၅)မှာ ရေနစ်နေကြောင်းသိရ၍ ဝိုင်းဝန်းရှာဖွေဆယ်ယူရာ (၆)နာရီအချိန်တွင် သေဆုံးလျက်တွေ့ရှိရသည်။

သေမှုသေခင်းဆိုင်ရာ ရဲဆေးစာရေးနိုင်ရန်အတွက် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်ဝင်းနှင့်အဖွဲ့မှ မိုးကောင်းပြည်သူ့ဆေးရုံသို့ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
www.facebook.com/winnaing.net
ရှမ်းယဉ်ကျေးမှုသင်တန်းကျောင်းမှ ကလေးငယ်တစ်ဦး ကျောင်းဆင်းချိန် ရေဆင်းချိုးရာမှ ရေနစ်သေဆုံး  ရှမ်းယဉ်ကျေးမှုသင်တန်းကျောင်းမှ ကလေးငယ်တစ်ဦး ကျောင်းဆင်းချိန် ရေဆင်းချိုးရာမှ ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 03:41 Rating: 5
Powered by Blogger.