![]() |
မန်စီ၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား |
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့၏ အရှေ့ဘက် မြေပုံအòန်း(၂၈၉)၌ ဧပြီ ၁၉ ရက် ညနေ ၅ နာရီ ၅ မိနစ်က မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တောင်ယာသွားသည့် ပြင်းလွင်ရပ်ကွက် နေ ဦးဝဖိုင်ဘရန်နန်နှင့် ဒေါ်အလဲမီး တို့၏ သမီးသုံးဦးကို ထိမှန်ခဲ့ပြီး မထု တောင်(ကိုးနှစ်)သည် အခင်းဖြစ်နေရာ၌ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မဂျာဆိုင်းပန် (၂၂နှစ်)သည် ဝဲပေါင်၊ ဝဲရင်အုံ၊ ယာခြေသလုံးတို့၌ ဒဏ်ရာရရှိထားပြီး မဂျီးပန် (၁၅နှစ်)သည် ဝဲလက်မောင်းအောက်၊ ခါး၊ ဝဲပေါင်တို့၌ ဒဏ်ရာများရရှိခဲ့ကာ မန်စီပြည်သူ့ဆေးရုံမှ ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ဆေးကုသလျက်ရှိကြောင်း သိရ သည်။
(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မန်စီ၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား ညီအစ်မ ၃ဦးကို ထိမှန် ၁ဦးသေဆုံး
Reviewed by THITHTOOLWIN
on
11:10
Rating:
