ဗန်းမောက် ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ နယ်အတွင်းရှိ ဇလုံတောင်သို့ ဘုရားဖူးသွားသော ယာဉ်၊ ဆိုင်ကယ်များကို မောင်းတံဂိတ်ဖြင့် ငွေ ကောက်ခံနေကြောင်း ဘုရားဖူးများထံမှ သိရသည်။
ဇလုံတောင်သည် အံ့သြဖွယ်၊ ရင်သပ်ရှုမော ဖွယ်ရှုခင်းများကြောင့် ကျော်ကြားလာပြီး ဘုရားဖူး ခရီးသွား များလာပြီဖြစ်သော ခရီးစဉ်တစ်ခုဖြစ်လာ သည်မှာ မကြာသေးဟု သိရသည်။ သဘာဝတော တောင်များ မပျက်စီးသေးဘဲရှိနေပြီး သဘာဝ ဥယျာဉ်အဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။ ယခုအခါ ဇလုံတောင်ခြေရင်း တယ်ပင်ပြန့်စခန်း၌ မောင်းတံဂိတ်ဖြင့် ဒေသဖွံ့ဖြိုးရေးအမည်ခံကာ ယာဉ်တစ်စီးလျှင် ငွေကျပ် ၁၅ဝဝ၊ ဆိုင်ကယ် တစ်စီးလျှင် ငွေကျပ် ၁ဝဝဝ ကောက်ခံနေကြောင်း သိရသည်။
ခရီးသွားပြည်သူတစ်ဦးက ''ကိုယ့်တိုင်း ပြည်အတွင်း လမ်း၊ တံတားဂိတ်တွေတောင် ဖျက် သိမ်းနေပြီ။ ဘုရားဖူးလာတဲ့သူတွေဆီက အခုလို ငွေကောက်တာမျိုး မဖြစ်သင့်ဘူးလို့ထင်ပါတယ်။အရင်တုန်းကလည်း တောင်ပေါ်မှာ ဓာတ်ပုံရိုက် မယ်ဆိုရင် ကင်မရာခွန်ဆိုပြီး ကောက်သေးလို့ မီဒီယာတွေကဖော်ပြမှ ရပ်သွားတာလို့သိရတယ်။ခရီးသွားလုပ်ငန်းဆိုတာ စနစ်တကျနဲ့လုပ်ဆောင်ရင် ဒေသဖွံ့ဖြိုးပြီး ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းရလာမှာပါ။ ဝန်ဆောင်မှုမပေးဘဲနဲ့ ဝန်ဆောင်ခ မတန်မဆယူချင်တဲ့စိတ်တွေမရှိသင့် ပါဘူး''ဟု ပြောသည်။
အေးလွင်(ကသာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဗန်းမောက်မြို့နယ် ဇလုံတောင်ဘုရားဖူးများထံမှ မောင်းတံဂိတ်ဖြင့် ငွေကောက်
Reviewed by THITHTOOLWIN
on
08:26
Rating:
