ကျောက်တန်းမြို့ တွင် လူသတ်မှု ဖြစ်ပွား
ဧပြီလ (၁၉)ရက်နေ့ နံနက် (၆)နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာ ဒေါ်စိန်ဌေးခြံ ကွက်လပ် တောင်ဘက်ရှိ တောင်ကုန်းပေါ်တွင် အမျိုးသားတစ်ဦး နံနက်(၆)နာရီအချိန်ခန့်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ဧပြီလ(၁၉)ရက်နေ့ နံနက် (၆)နာရီအချိန်ခန့်တွင် ကျောက်တန်းမြို့ နယ် ပါဒကြီးစံပြကျေးရွာ ဒေါ်စိန်ဌေးခြံ တောင်ဘက်ရှိ လယ်ကွင်းထဲမှ ကုန်းဂမူပေါ်တွင် အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာဖြင့် သေဆုံးနေသူ သွယ်လင်းမောင်(ခ)ဘု(၃၆)နှစ်၊ (ဘ)ဦးတင်ထွန်း ပါဒကြီးကျေးရွာ ကျောက်တန်းမြို့နေသူမှာ ဝဲနှုတ်ခမ်း တစ်လက်မခန့် ပြတ်ရှဒဏ်ရာ ဝဲနာထင်တစ်လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဝဲမျက်လုံး ညိုမဲဖူးရောင် ဒဏ်ရာ မျက်နာတစ် ခြမ်းလုံးဖူးရောင်ဒဏ် ရာများရရှိကာ သေဆုံးနေပြီး သက်သေများနှင့်အတူ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်း၊ သေဆုံးသူ သွယ်လင်းမောင်(ခ)ဘု အလောင်းအား ကျောက်တန်းမြို့ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်အတူ ပို့ဆောင်ခဲ့သည်။
တရားခံကို အမြန်ဆုံး ဖောက်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကြည်လွင်မှ အနီးကပ်ကြီးကြပ်ညွှန်ကြားမှုကြောင့် တရားခံအား စုံစမ်းဖော်ထုတ်ရန် အခင်းဖြစ် ပတ်ဝန်းကျင်အနီးတွင်နေထိုင်သူ စိုးပေ(၃၅)နှစ်၊ (ဘ)ဦးစံမြင့် ပန်းရံလုပ် ပါဒကြီးကျေးရွာ ကျောက်တန်းမြို့နေသူကို စစ်ဆေးရာ (၁၈.၄.၂၀၁၇)ရက်နေ့၊ ည(၇)နာရီအချိန်ခန့်တွင် စိုးပေသည် ပါဒကြီးကျေးရွာရောက်ရှိပြီး စနေသား အရက်ဆိုင်မှ အစိမ်းရောင်အရက်သန့်တစ်လုံးအား (၈၀၀)ကျပ်ဖြင့် တစ်ဝက်ခန့်သောက်ပြီး အိပ်နေစဉ် ည(၁)နာရီခန့်တွင် သေဆုံးသူ သွယ်လင်းမောင် (ခ)ဘုမှ အကြွေး(၁၀,၀၀၀)ကျပ်အား လာရောက်တောင်းသဖြင့် တစ်ယောက်တစ်ခွန်း အခြေအတင်စကားများကြပြီးနောက် အိမ်ရှေ့(၁၅)ပေခန့် အရောက်တွင် စိုးပေမှ သွယ်လင်းမောင် (ခ)ဘု အား အရက်ပုလင်းဖြင့်ရိုက်ခဲ့ပြီး နေအိမ်သို့ပြန်ခဲ့ကြောင်း အရက်ပုလင်းခွံခေါင်းအား ၎င်း၏နေအိမ်ဘေးအမှိုက်စွန့်ပစ်သည့် ရေကန်ထဲတွင်ပြစ်ချ၍ ပြန်အိပ်ခဲ့ကြောင်း အခင်းဖြစ်နေရာမှ သေဆုံးသူ သွယ်လင်းမောင် (ခ)ဘုမှာ ထွက်ခွာသွားခဲ့ကြောင်း ဧပြီလ(၁၉)ရက်နေ့ နံနက် (၆)နာရီအချိန်ခန့်တွင် သွယ်လင်းမောင်(ခ)ဘုမှာ ဒေါ်စိန်ဌေးခြံကွက်လပ်နှင့်ဦးမျိုးမြင့် ရေမြောင်းရိုးကြား ဂမူပေါ်တွင်သေဆုံးနေသည်ကိုတွေ့ရှိရပြီး ရဲတပ်ဖွဲ့ဝင်များမှ ၎င်းထံရောက်ရှိလာပြီး မသင်္ကာခေါ်ယူစစ်ဆေးရာမှ ယခုကဲ့သို့ ဝန်ခံဖြောင့်ချက် ထွက်ဆိုခဲ့ပါသည်။
ထို့ကြောင့် တရားခံ စိုးပေ(၃၅)နှစ်၊ (ဘ)ဦးစံမြင့် ပါဒကြီးကျေးရွာ ကျောက်တန်းမြို့နေသူအား ကျောက်တန်းမြိုမစခန်းမှ(ပ)၂၆၉/၂၀၁၇ ရာဇသက်ကြီး ပုဒ်မ -၃၀၂ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
နိုးတူး - No Two Kyauktan
Powered by Blogger.