နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဆောင်နိုင်သည့်ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင်ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြော

၂၀၁၇ ခုနှစ် မန္တလေး မြို့ တော် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)
    မန္တလေး ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

    ပြောင်းလဲချိန်တန်ပြီ ဆိုသည်နှင့်အညီ ပြည်သူ့ အစိုးရက နိုင်ငံတော်ကို ပြန်လည် တည့်မတ် နေချိန်တွင် နိုင်ငံသားအချင်းချင်း အပြန်အလှန် စောင့်ရှောက်ကြရန်နှင့် နိုင်ငံတော်ကြီး ဖွံ့ ဖြိုး တိုးတက်ရေးတွင် ကိုယ်စွမ်းဆောင်နိုင်သည့် ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင် ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ နံနက်တွင် ပြုလုပ်သည့် မန္တလေး မြို့ တော် မဟာ သင်္ကြန် မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

“မြန်မာ့ ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ရဲ့ အနှစ်သာရဖြစ်တဲ့ တခြားသူတွေအပေါ် မေတ္တာ ထားပြီး ပူလောင်မှုတွေ လျော့ကျပြီး အေးချမ်းအောင်၊ ပျော်ရွှင်လန်းဆန်းအောင် ယဉ်ကျေး သိမ်မွေ့ စွာ အတာသင်္ကြန်ပွဲကို ဆင်နွှဲကြဖို့  ဖြစ်ပါတယ်၊ ယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲက ရရှိလာတဲ့ မေတ္တာ တရားတွေကို အခြေခံပြီး ကျွန်တော်တို့ အားလုံးဟာ ပြည်ထောင်စုဖွား နိုင်ငံတော်သူ နိုင်ငံတော်သား အချင်းချင်း မိသားစု ဘ၀တွေ လုံခြုံ တိုးတက်အောင် အပြန် အလှန် စောင့်ရှောက်ပေးကြရမှာ ဖြစ်ပါတယ်။ မိမိတို့ နေထိုင်ကြတဲ့ နိုင်ငံတော်ကြီး ဖွံ့ ဖြိုး တိုးတက်အောင် ကိုယ်စွမ်းဆောင်နိုင်တဲ့ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင်ရွက် ကြဖို့ လည်း မေတ္တာရပ်ခံပါတယ်” ဟု မန္တလေးမြို့ တော် မဟာသင်္ကြန် မဏ္ဍပ်ကို ဖွင့်ပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က“မေတ္တာတရားကို အခြေခံထားပြီး ပြည်သူနဲ့ အတူ ဆက်လက် ကြိုးစား ဆောင်ရွက်နေကြမှာ ဖြစ်ပါတယ်၊ နှစ်ဟောင်းက အညစ်အကြေးအားလုံးကို အတာ ရေစင် နဲ့  သွန်းလောင်း သန့် စင်ကြပြီး စိတ်သစ်၊ အတွေးအမြင်သစ်၊ ခွန်အားသစ်တွေနဲ့  နှစ်သစ်မှာ မေတ္တာတရား အခြေခံထားတဲ့ လူမှု ပတ်ဝန်းကျင်သစ်ကို အတူ လက်တွဲ ထူထောင်ကြပါစို့ ” ဟုလည်း တိုက်တွန်းပြောကြား ခဲ့သည်။


ဝန်ကြီးချုပ် မိန့် ခွန်း ပြောကြားအပြီးတွင် မန္တလေး ဂုဏ်ဆောင် မြို့မ အသင်းနာယက ဦးရွှန်းမြိုင်၊ စာရေးဆရာ သတင်းစာဆရာ မောင်သစ်လွင် (လူထု)၊ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် ဦးဝင်းမောင် တို့ အပါအ၀င် မြို့ မိ မြို့ ဖ ငါးဦးတို့ က မန္တလေးမြို့ တော် မဟာ သင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 ထို့ နောက် မန်းစည်ပင် ယိမ်းအဖွဲ့ နှင့် ကျောင်းသူအင်အား ၃၀၀ မှ ကပြဖျော်ဖြေခဲ့ကြပြီး မြို့မ ငွေငန်း အလှပြယာဉ် ဦးဆောင်သည့် မန္တလေးတိုင်း ဒေသ ကြီး ရှိ ခရိုင် ခုနစ်ခုတို့ မှ အလှပြယာဉ်များ သံချပ်အဖွဲ့ ယာဉ်များက မဏ္ဍပ်ရှေ့ တွင် ဖြတ်သန်း ဂါရ၀ ပြုခဲ့ကြသည်။

အဆိုပါ မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲသို့  မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တပ်မတော်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မိသားစု ၀င်များ တက်ရောက်ခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဆောင်နိုင်သည့်ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင်ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြော နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဆောင်နိုင်သည့်ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင်ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြော Reviewed by THITHTOOLWIN on 15:32 Rating: 5
Powered by Blogger.