![]() |
သင်္ကြန် ရေကစားမဏ္ဍပ် ဘေးအန္တရာယ် ကင်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက စစ်ဆေးပေးနေစဉ်(ဓာတ်ပုံ-Yangon Police ) |
သင်္ကြန် ပွဲတော် တစ်လျှောက် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစား နိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး အပြည့်အ၀ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။
သင်္ကြန် ပွဲတော် ကာလတွင် အေးချမ်း ပျော်ရွှင်စွာ ရေကစားနိုင်ရေး အတွက် ပြည်သူများမှ အကူအညီ တောင်းခံလာပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ချက်ခြင်း ကူညီ ဖြေရှင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံလိုပါက ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199 Call Center ရှိ ဖုန်းနံပါတ် 199, 012323199 များသို့ ဆက်သွယ်အကူအညီ တောင်းခံ နိုင်ကြောင်း သိရသည်။ထို့ အတူ ပြည်သူများမှလည်း စည်းကမ်းတကျ ရှိစေရေးနှင့် မှုခင်းများ မဖြစ်ပွားစေရေး အတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း အသိပေး ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ခရိုင်(၄) ခရိုင်ရှိ စုစုပေါင်း ရေကစား မဏ္ဍပ် ၁၁၁ ခုတို့တွင် မူးယစ်ရမ်းကားမှုများ၊ ရေကစားသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ မရှိစေရေး အတွက် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရေးကိုလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
သင်္ကြန် ပွဲတော် တစ်လျှောက် ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစား နိုင်ရန် လုံခြုံရေး အပြည့်အ၀ ဆောင်ရွက် မည်
Reviewed by THITHTOOLWIN
on
15:53
Rating:
