အမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲရင်းအပ် တန်းလန်းဖြင့် သေဆုံးမူဖြစ်ပွား


မြစ်ကြီးနား၊ ဧပြီ ၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တည်းခို ခန်းတစ်ခုတွင် ဧပြီ ၆ ရက်နေ့လည် ၁ နာ ရီခွဲအချိန်ခန့်က အမျိုးသား တစ်ဦး မူးယစ်ဆေးသုံးစွဲရင်း အပ်တန်းလန်းဖြင့် သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။။


မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်တွင်ဖွင့် လှစ်ထားသည့် မြရိပ်မွန်တည်းခိုခန်း အခန်း အမှတ် (၂၇)တွင် မိုးညှင်းမြို့နယ် နန့်မွန် ကျေးရွာမှ လာရောက်တည်းခိုသူ ဦးအဗရမ် (၂၆)နှစ်ဆိုသူဖြစ်ပြီး ယင်းအခန်းအတွင်းရှိ ကုတင်ပေါ်တွင် ဘယ်လက်ဖျံ ၌ မူးယစ်ဆေးဝါး သုံးစွဲရင် ဆေးထိုး အပ်စိုက်ထိုးသွင်းလျက်ဖြင့် သေဆုံးနေခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအဗရမ် သေဆုံး ခြင်းမှာ ဓမ္မတာအတိုင်းဟုတ်မဟုတ် မြစ်ကြီး နားနယ်မြေ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၇)ဖြင့် အမှုဖွင့်စစ်ဆေးဆောင် ရွက်နေကြောင်း ယင်းစခန်းမှ သိရသည်။

မင်းထွန်းဇော် မင်းရာဇာ(မြစ်ကြီးနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲရင်းအပ် တန်းလန်းဖြင့် သေဆုံးမူဖြစ်ပွား အမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲရင်းအပ် တန်းလန်းဖြင့် သေဆုံးမူဖြစ်ပွား Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.