ရက္ခိုင့်တပ်မတော်ဖလားခေါင်း စဉ်နဲ့ ဘောလုံးပွဲကျင်းပခဲ့တဲ့ ဆရာတော်နဲ့ ဒကာတစ်ဦးကို ဖမ်းဆီး

ဖမ်းဆီးခံ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို တွေ့ရစဉ်။ Photo: မြတန်းဆောင်းဆရာတော် ဦးနန္ဒာသာရ ဖေ့စ်ဘုတ်မှ
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပတာဟာ မတရားအသင်း အက်ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့မရဲစခန်း က ဒီနေ့ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

မြောက်ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းက အရေးယူပေးဖို့ တိုင်တန်းလာတာဖြစ်တယ်လို့ မြောက်ဦး မြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းဖေ က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ရက္ခိုင့်တပ်မတော်(AA) ၈ နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြတန်ဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသားတွေအတွက် ဘောလုံးပြိုင်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က စတင်ကျင်းပခဲ့ သလို ဒီနေ့မှာလည်း တေးဂီတဖျော်ဖြေပွဲနဲ့ စာပေဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ စီစဉ်တဲ့ အဲဒီအခမ်းအနားတွေမှာ ရက္ခိုင့်တပ်မတော်အမည်နာမကို မသုံးစွဲဖို့ အုပ်ချုပ်ရေးပိုင်းက ဖိအားပေးပြောဆိုခဲ့သလို ဘောလုံးပြိုင်ပွဲမှာစိုက်ထူထားတဲ့ ရက္ခိုင့်တပ်မတော်ဖလား စာသားပါ ဗီနိုင်းပိုစတာကိုလည်း ရဲတပ်ဖွဲ့က ဖြုတ်သိမ်းခဲ့ပါတယ်။

မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့ကနေ စစ်တွေမြို့ကိုခေါ်သွားတယ်လို့ လည်း မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဖေ က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရက္ခိုင့်တပ်မတော်ဖလားခေါင်း စဉ်နဲ့ ဘောလုံးပွဲကျင်းပခဲ့တဲ့ ဆရာတော်နဲ့ ဒကာတစ်ဦးကို ဖမ်းဆီး ရက္ခိုင့်တပ်မတော်ဖလားခေါင်း စဉ်နဲ့ ဘောလုံးပွဲကျင်းပခဲ့တဲ့ ဆရာတော်နဲ့ ဒကာတစ်ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.