အီဂျစ် ဘုရားကျောင်းပေါက်ကွဲမှု လူ ၂၁ဦးသေ၊ ၅၉ဦးဒဏ်ရာရရှိ

အီဂျစ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းအပြင်ဘက်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ကိုင်ရို၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

    အီဂျစ်နိုင်ငံ Tanta မြို့ ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုအတွင်း ဧပြီ ၉ ရက် (ယနေ့)တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူ ၂၁ဦးထက်မနည်းသေဆုံးပြီး ၅၉ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းတစ်ခုအား ဘုရားကျောင်းရှိ ရှေ့ထိုင်ခုံတစ်ခုတွင် တပ်ဆင်ထားခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက လုံခြုံရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဘုရားရှိခိုးနေသည့် လူအုပ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် နံရံတစ်ချပ် ပြိုကျခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူအများစုမှာ အခြေအနေစိုးရိမ်ရသောကြောင့် သေဆုံးသူ အရေအတွက် များပြားလာနိုင်ကြောင်း နှင့် ယင်းဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခြင်းဖြစ်ကြောင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com

အီဂျစ် ဘုရားကျောင်းပေါက်ကွဲမှု လူ ၂၁ဦးသေ၊ ၅၉ဦးဒဏ်ရာရရှိ အီဂျစ် ဘုရားကျောင်းပေါက်ကွဲမှု လူ ၂၁ဦးသေ၊ ၅၉ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.