မန္တလေးမြို့​တော်​ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ


၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့​တော်​မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ရက်​ နံနက် ၇ နာရီခွဲက ကျုံးတောင်ဘက်(၂၆)လမ်းရှိ အဆိုပါမဏ္ဍပ်တွင် ပြုလုပ်ရာ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က နှုတ်ခွန်းဆက်စကားပြောကြားသည်​။


မန္တလေးမြို့​တော်​မဟာသင်္ကြန်မဏ္ဍပ်ကို နက္ခပညာရှင် ဒေါက်တာမြတ်သစ်နှင့် ပုဏ္ဏားတော်များက ခရုသင်းမှုတ် ဖွင့်လှစ်ကာ ဂီတအနုပညာရှင် မန္တလေးဂုဏ်ဆောင် မြို့မ အသင်းနာယက ဦးရွှန်းမြိုင်၊ စာရေးဆရာ သတင်းစာဆရာ မောင်သစ်လွင် (လူထု)နှင့် မြို့မိမြို့ဖများဖြစ်ကြသော လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ဦးမင်းမောင်၊ မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ အမျိုးသားယဉ်ကျေးမူနှင့် အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်​။


ထို့နောက် မန္တ​လေးမြို့​တော်​စည်ပင်သာယာ​ရေး​ကော်​မတီ ယိမ်းအဖွဲ့နှင့် ကျောင်းသူယိမ်းအဖွဲ့ဝင် ၃ဝဝ တို့က ကပြ​ဖျော်ဖြေကြကာ မြို့မငွေငန်းဦးဆောင်သည့် အလှပြကားများ၊ သံချပ်​ကားများက စီတန်းကာနှုတ်ဆက်ကြသည်။

ဆက်​လက်​၍ သင်္ကြန်သီချင်းများဖြင့် ​ဖျော်ဖြေကာ မဏ္ဍပ်အပေါ်နှင့်အောက် အပြန်အလှန် ယိမ်းအကများဖြင့်​ ​ဖျော်​​ဖြေကြရာ သင်္ကြန်ချစ်သူ ပြည်သူများလည်း လာရောက်အားပေးကြည့်ရှုကြသည်​။

ကျော်​ထူး/မန်းကိုကို
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့​တော်​ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ မန္တလေးမြို့​တော်​ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ Reviewed by THITHTOOLWIN on 15:26 Rating: 5
Powered by Blogger.