လားရှိုးမြို့၌ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု (၄)မှု ဖြစ်ပွားခဲ့ပြီး (၄)ဦး သေဆုံး


ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ၂၀၁၇ ခုနှစ်သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု(၄)ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ(၄)ဦးရှိခဲ့ကြောင်း အမှတ်(၂၀)ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း/မြောက်)မှ သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက်အထိ ယာဉ်မတော်တဆမှု များဖြစ်ပွားခဲ့ရာမှ ယာဉ်တိုက်မှု(၄)မှုကိုအမှုဖွင့်အရေးယူခဲ့ကြောင်း အမှတ်(၂၀)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူး ရုံး (ရှမ်း/မြောက်)မှ သိရသည်။
“ယာဉ်မတော်တဆမှုတွေကတော့ များပါတယ်။ ကြီးကြီးမားမားဖြစ်တာကတော့ (၄)မှုကိုပဲ အရေးယူ ဆောင်ရွက်ခဲ့တာပါ။ ကျန်တာတွေကတော့ သင်္ကြန်တွင်းမှာ မတော်တဆဖြစ်တာတွေပါ။”ဟု အမှတ်(၂၀)ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး မျိုးဆွေက ပြောသည်။

သင်္ကြန်ကာလအတွင်း သောက်စားမူးယစ်ကာ ယာဉ်မောင်းနှင်းမှုများ၊ ရေပက်မည်ကိုစိုးရိမ်ခြင်းကြောင့် ရှောင် ကွင်းလိုက်ခြင်းများကြောင့် ဆိုင်ကယ်များ မတော်တဆတိမ်းမှောက်ရခြင်းများစွာရှိခဲ့ကြောင်း လားရှိုးမြို့လူမှုကူ ညီရေးအသင်းများမှ သိရသည်။“သင်္ကြန်ဆိုမှတော့ ရေပက်မှာပေါ့။ ဒါကို ကြောက်လို့လား၊ ဘာလားတော့မသိဘူး။ ရေကိုရှောင်လိုက်တာ ဆိုင် ကယ်မှောက်ပြီးတော့ လက်တွေစုတ်သွားလို့ ဆေးရုံကိုပို့ပေးရတာများတယ်။ ဆိုင်ကယ်ဖြစ်တာများပါတယ်။”ဟု လားရှိုးမြို့သွေးလူမှုကူညီရေးအသင်းမှ ဦးစိုးကပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း မော်တော်ယာဉ်တိုက်မှု(၁)မှု၊ ဆိုင်ကယ် တိုက်မှု(၂)မှု၊ ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု(၁)မှု၊ စုစုပေါင်းယာဉ်တိုက်မှု(၄)မှုမှ သေဆုံးသူ ကျား(၂)ဦး၊ မ (၂)ဦး၊ ဒဏ်ရာရရှိ ကျား(၄)ဦး၊ မ(၅)ဦးရှိခဲ့ကြောင်း ယာဉ်ထိန်းရုံးစာရင်းများအရ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
လားရှိုးမြို့၌ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု (၄)မှု ဖြစ်ပွားခဲ့ပြီး (၄)ဦး သေဆုံး လားရှိုးမြို့၌ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု (၄)မှု ဖြစ်ပွားခဲ့ပြီး (၄)ဦး သေဆုံး Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.