မုန်တိုင်းသတိပေးချက်

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (ဧပြီ ၁၄-၂၀၁၇) သတင်းဓာတ်ပုံ- MOI
ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းဖြစ်ပေါ်ပြီး တနင်္ဂနွေနေ့လောက်မှာ မြန်မာနိုင်ငံကိုဝင်ရောက်နိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်တွေကအရ သိရပါတယ်။ Invest 92B လို့နာမည်ပေးထားတဲ့ လေဖိအားနည်းရပ်ဝန်းကနေ စနေ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ အင်အား အလယ်အလတ်ရှိတဲ့ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းအဖြစ်အသွင်ပြောင်းသွားနိုင်ပြီး တနင်္ဂနွေနေ့မှာ အင်အားပြင်းလာနိုင်ခြေရှိတယ်လို့ Joint Typhoon မုန်တိုင်းသတိပေးဌာနက ပြောထားပါတယ်။

တနင်္ဂနွေနေ့ နေ့လည်ပိုင်း ဒါမှမဟုတ် ညပိုင်းလောက်မှာ အရှေ့မြောက်ဖက်ကို ဦးတည်ဝင်ရောက်နိုင်ပါတယ်။ ကုန်းတွင်းပိုင်းဖက်ရောက်သွားချိန်မှာ အင်အားလျော့သွားနိုင်ပေမဲ့ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှု မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မုန်တိုင်းသတိပေးချက် မုန်တိုင်းသတိပေးချက် Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.