မိမိဆန္ဒမပါဘဲ လက်ထပ်ထိမ်းမြားပေးမည့်အတွက် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍သေဆုံး


ဖြူး ၊ ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ၊ အမဲခေါင်ကျေးရွာအုပ်စု၊ လားလကန်အရှေ့ရွာနေ မကျန်သနီး (၁၇)နှစ် (ဘ) ဦးဟာရီနရိုင်း မတ်ပဲပိုးသတ်ဆေးသောက်သဖြင့် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာ၍ ဆေးကုသစဉ် သေဆုံးသွားကြောင်း ဧပြီ ၂၆ ရက် ညနေ ၄ နာရီခွဲက ဖြူးဆေးရုံ မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ မကျွန်သနီး ၏ ဖခင် ဦးဟာရီနရိုင်း (၄၀)နှစ် သည် ဧပြီ ၂၆ ရက်နံနက် ၁၀ နာရီခန့်က နေအိမ်နောက်ထဲ၌ သမီးဖြစ်သူ မကျန်သနီး အန်နေသည်ကိုတေ့Gရပြီးပိုးသတ် ဆေးအနံ့ရသဖြင့် မေးမြန်းရာ မတ်ပဲပိုးသတ်ဆေးသောက်ထားသည်ဟုပြောသဖြင့် ဖြူးဆေး ရုံသို့ တင်ပို့ခဲ့ရာ ထိုနေ့ညနေ (၄) နာရီခွဲက ဖြူးဆေးရုံတွင် သေဆုံးသွားသည်။

မကျန်သနီ်း သည် ၎င်း၏ဆန္ဒမပါဘဲ လက်ထပ်ထိမ်းမြားပေးရန် ဖခင်ဖြစ်သူ ဟာရီနရိုင်းမှ စီစဉ်နေသည်ကို လက်မခံလို၍ ၎င်းကိုယ်တိုင် မတ်ပဲပိုးသတ်ဆေးကို သောက်၍သေဆုံးသွားကြောင်းသိရသည်။

(ဖြူးမြင့်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မိမိဆန္ဒမပါဘဲ လက်ထပ်ထိမ်းမြားပေးမည့်အတွက် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍သေဆုံး မိမိဆန္ဒမပါဘဲ လက်ထပ်ထိမ်းမြားပေးမည့်အတွက် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍သေဆုံး Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.