တာချီလိတ် ဧပြီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ်-ကျိုင်းတုံသွားမီးပွိုင့်လမ်းဆုံ၌ ဧပြီ ၅ ရက်နေ့လည်က ဆိုင်ကယ်တိုက်မှု တိုက်မှုဖြစ် ပွားခဲ့ပြီး နှစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၅ ရက်နေ့ နေလည် ၂ နာရီခွဲက ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမှတ်(၁၁၇)မှ ရဲအုပ် ဇော်ဇော်ညွှန့်သည် တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံမီးပွိုင့်လမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တာချီလိတ်မြို့ တွင်းဘက်မှ လေယာဉ်ကွင်းလမ်းဆုံဘက်သို့ ကျော်ဆိုင်ဖြိုး မောင်းနှင်ပြီး နောက်တွင် ဖီးလစ်မွန် လိုက်ပါလာသောWave ပြာ/နက်/ခဲရောင်စပ် ဆိုင်ကယ်သည် တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံမီးပွိုင့်နေရာ အရောက် ရှေ့တွင် မယ်ယန်းဘက်သို့ မီးပွိုင့်မီးစိမ်း၍ အချက်ပြမီးပြကာ ချိုးကွေ့နေသော ဦးကျဖီး မောင်းနှင်ပြီး နောက်တွင် သားဖြစ်သူ မောင်စနေကြာ လိုက်ပါလာသောWave ပြာ/နက်/ဖြူရောင် ဆိုင်ကယ်၏ ဝဲဘက်လက်ကိုင်အား နောက်မှ ဝင်ရောက်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ဘေးသို့ တိမ်း မှောက်ခဲ့သဖြင့် ကျော်ခိုင်ဖြိုး (၁၇ နှစ်)၊ ခမရ(၃၅၉)ဝင်း၊ တာချီလိတ်မြို့နေသူသည် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ မောင်ဖီးလစ်မွန်(၁၇ နှစ်)၊ ဝမ်လိရွာ၊ ပါဆတ်ရပ်ကွက် တာချီလိတ်မြို့နေသူသည် ဦးခေါင်း၊ မေးစေ့၊ လက်ဖျံတို့တွင် ဒဏ်ရာ များရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ဦးကျဖီး (၄၃ နှစ်)နှင့် မောင်စနေကြာ (၇ နှစ်)၊ မယ်လိတ်ပါကော်ရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ်နေသူတို့သည် ပွန်းခြစ်ဒဏ်ရာ(မစိုးရိပ်ရ)တို့ရရှိခဲ့သည်။
အမှုမှ ဆိုင်ကယ်အား အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်ပြီး ရှေ့တွင်အချက်ပြမီးပြ၍ ချိုးကွေ့နေသော ဆိုင်ကယ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် လူအား ဒဏ်ရာများ ရရှိသေဆုံးစေခဲ့သူ ကျော်ခိုင်ဖြိုးအား တာချီလိတ်မြို့မရဲစခန်းက ယာဉ်(ပ)၁၆/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့်ဆောင်ရွက်ထား ကြောင်းသိရသည်။
မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာချီလိတ်-ကျိုင်းတုံသွား မီးပွိုင့်လမ်းဆုံ၌ ဆိုင်ကယ်တိုက်မှုဖြစ်ပွား နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
23:34
Rating:
