ဧပြီ - ၃ ရိုက်ကူး - ကိုနိုင်
အိမ်အကူမိန်းကလေးဖြစ်သည့် မအေးကြင်အား နှိတ်ဆက်သည့် မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်ကျေးရွာရှိ ဟိန်းအာကာစက်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သည့် သွားဆရာဝန် ဦးနိုင်အောင် နှင့် ဇနီးဖြစ်သူတို့အား ဧပြီလ ၃ ရက်နေ့က အမရပူရတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းတို့ နှစ်ဦးကို မြို့နယ်တရားသူကြီး က အာမခံပေးခဲ့သည် ။
ရာအိမ်မှူး ဦးလှတိုးနိုင် က တရားလိုပြုလုပ်၍ အာမခံပေး၍ မရသည့် ပုဒ်မများဖြစ်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၃၂၆ တို့ဖြင့် အမရပူရမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း မြို့နယ်ဥပဒေအကြံပေးအဖွဲ့မှ အာမခံပေး၍ရသည့် ပုဒ်မများဖြစ်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၃၂၃/၃၂၄/၃၅၄/၅၀၆ တို့ဖြင့် တရားရုံးစွဲတင်ခဲ့သည် ။
အိမ်ရှင်လင်မယားနှစ်ဦးသည် အိမ်အကူမိန်းကလေးဖြစ်သည့် မအေးကြင်အား လက်သီးဖြင့်ထိုးခြင်း ၊ ဝါကြိုးဖြင့်ရိုက်ခြင်း ၊ ဆံပင်ဆွဲကာ နံရံဖြင့်ပစ်တိုက်ခြင်း စသည့် နှိတ်စက်မှုများပြုလုပ်ခဲ့သည် ။
ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ တရားလိုပြုလုပ်၍ မတ်လ ၇ ရက်နေ့က အမရပူရမြို့နယ်တရားရုံးတွင် ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားရုံးဦးတိုက်လျှောက်ထားခဲ့ပြီးဖြစ်သည် ။
Channel Mandalay TV
https://www.facebook.com/cm.tv555/

အိမ်အကူမိန်းကလေးအား နှိပ်စက်သည့် သွားဆရာဝန်နှင့် ဇနီးဖြစ်သူအား အာမခံပေး
Reviewed by THITHTOOLWIN
on
22:20
Rating: