ကျိုင်းတုံ ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊နောင်ကုန်အုပ်စု၊ ပါလင်ကျေးရွာတွင် ဧပြီလ(၅)ရက်နေ့ သန်းခေါင်ယံအချိန်တွင် စိုင်းရီဆိုသူကဖခင်၏ ညီမဖြစ်သော အဒေါ်တော်စပ်သူ ဒေါ်နန်းကိန်(၆၁နှစ်)နှင့် ဒေါ်နန်းကိန်၏ခင်ပွန်းဖြစ်သူ ဦးစိုင်းတစ်(၆၇နှစ်)တို့ကို ဒါးဖြင့်ခုတ်၍ အဒေါ်ဖြစ်သူ သေဆုံးပြီး အဒေါ်၏ခင်ပွန်းဖြစ်သူမှာ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်(စိုးရိမ်ရ) ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူ စိုင်းရီ၏ ဖခင်(ကွယ်လွန်) နှင့်ဒေါ်နန်းကိန်တို့ အမွေရရှိ ထားသော မြေကွက်ကို ဒေါ်နန်းကိန်ကရောင်းချပြီး ရောင်းချရရှိသည့်ငွေဖြင့် အိမ်အသစ် ဆောက်လုပ်
သည်ကို မကျေနပ်၍ ဒေါ်နန်းကိန်တို့ လင်မယားကို စိုင်းရီက ဒါးဖြင့်ခုတ်ကြောင်း မြို့မရဲစခန်းမှူးထံ စိုင်းရီက ထွက်ဆိုသည်။
ဒေါ်နန်းကိန်တို့လင်မယားသည် အိမ်အသစ်ဆောက်လုပ်နေ၍ စိုင်းရီ၏နေအိမ်တွင် နေထိုင်ခဲ့သည်မှာ တစ်လခန့် ကြာပြီဖြစ်ပြီး အခင်းဖြစ်ည သန်ခေါင်ယံအချိန်ခန့်တွင် ဒေါ်နန်းကိန်က နေအိမ်အောက်သို့ အပေါ့အပါး သွားရန် တံခါးဖွင်စဉ် အပေါ်ထပ်ရှေ့ခန်းတွင် အိပ်နေသော ဦးစိုင်းတစ်ကို စိုင်းရီက အသားလှီးဒါးမဦးချွန်ဖြင့်(၃)ချက်ခုတ်ရာ ဦးစိုင်းတစ် အိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း စိုင်းရီကထွက်ဆိုသည်။ ဆက်လက်၍ စိုင်းရီသည် ဒေါ်နန်းကိန်ကို ခုတ်ရာ ဦးခေါင်းနှင့်လည်ပင်တို့ခုတ်မိစဉ် ဒေါ်နန်းကိန် အိမ်ပေါ်မှဆင်းပြေး၍ အနောက်မှ လိုက်ခဲ့ပြီး ကားလမ်းပေါ်အရောက်တွင် ဒေါ်နန်းကိန်ကို ဆက်ခုတ်ခဲ့ကြောင်း ၎င်းက ထွက်ဆိုသည်။ ဒေါ်နန်းကိန်သည် ဒါးဒဏ်ရာဖြင့် ကားလမ်းပေါ်တွင်သေဆုံးခဲ့သည်။
ပြစ်မှုကျူးလွန်သူ စိုင်းရီ(ခ)စိုင်းရီတစ်(၂၂နှစ်)ကို ဒုတိယရဲမှူးသန်းထွန်းနှင့်တပ်ဖွဲ့ဝင်များက ပါလင်ကျေးရွာရှိ ၎င်းနေအိမ်တွင် ယနေ့နံနက် (၃)နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ပြီး ကျိုင်းတုံမြို့မရဲစခန်း
တွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။
mmn(ktg)
ကျိုင်းတုံ သတင်းစာ
အဒေါ်ဖြစ်သူအား ဓာဖြင့် ခုတ်သတ်မှုဖြစ် (ထိတ်လန့် တက်သူများ သတင်းအပြည့်အစုံ ဖွင့်မကြည့်ပါရန်)
Reviewed by THITHTOOLWIN
on
18:44
Rating:
