မောင်တောခရိုင်လုံခြုံရေး အထူးအရေးကြီး အခြေအနေသို့ရောက်ရှိ

(မောင်တောမြို့ဝင်ဝဆိုင်းဘုတ်။ ဓါတ်ပုံ - ချလူးအောင်/DMG)
မောင်တော၊ ဧပြီလ ၎

မောင်တောဒေသ တောင်နှင့်မြောက်တွင် အကြမ်းဖက် သမားအုပ်စုများ ခြေရာဖျောက်လုပ်ရှားမှုများစွာ ပေါ်ပေါက်လာနေပြီး ၉/၁၀ အကြမ်းဖက်ဖြစ်စဉ် ပြီးကတည်းက ထိရောက်စွာမကိုင်တွယ်ခြင်းကြောင့် ယခု မောင်တောဒေသ လုံခြုံရေးမှာ အထူးအရေးကြီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မောင်တော မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

အမြစ်ပြတ်မချေမှုန်းနိုင်ခြင်းမရှိ ဖြစ်နေသည်မှာလည်း တစ်ဖက်တွင် အထူးစဉ်းစားစရာ တစ်ခု ဖြစ်နေပြီဟု ယင်းမြို့မိမြို့ဖကဆိုသည်။

“ အာဏာပိုင်တွေကိုတောင် မကြောက်တဲ့ အနေအထားမှာ ရှိနေတော။ သာမန် ရခိုင်ပြည်သူတွေကို အကြမ်းဖက်သမားတွေက ရှိတယ်လို့တောင် ထည့်မတွက်တဲ့သဘော သက်ရောက်နေပါတယ်။ ” ဟု သူကပြောသည်။

"ထရိမ်း" ရွာခံသားတစ်ဦးကတော “ မောင်တော မြောက်ပိုင်း တောင်ပိုင်း နယ်မြေတွေဟာ အလွန်ကျယ်ပြန့်တဲ့ တောတောင်တွေ အလွန်ကြီးမားတဲ့ ဘင်္ဂလီကျေးရွာတွေကို မည်သည့် အုပ်ချုပ်ရေးမှ လိုက်မမှီနိုင်တဲ့ အနေအထား တစ်ရပ်ဖြစ်နေပါတယ်။ ” ဟုဆိုသည်။

န.စ.က ခေတ်ကာလတုန်းက ယခုလောက်ထိ မလုပ်ရဲကြကြေင်း၊ နစက ခေတ်မှာက အဖွဲ ၄ ဖွဲ့ပါဝင်ပြီး လူဝင်မူကြီးကြပ်ရေး၊ အကောင်အခွန်၊ ပြည်သူရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပါဝင်နေသည်မှာ အလွန်အင်အားကောင်းသည့် အနေအထား တစ်ရပ်ဖြစ်ခဲ့ကြောင်း၊ ယခု နစကကို ဖျက်သိမ်းပြီး နယ်ခြားစောင့်ကို တည်ထောင်ကာ နယ်ခြားစောင့်က ဘာမှနားမလည် မတတ်ကျွန်းမနိုင်နှင်း မထိမ်းသိန်းနိုင်သည့် အနေအထားကို အခုဖြစ်ရပ်မှာ အထူးပေါ်လွင်နေကြောင်း အဆိုပါ မြို့မိမြို့ဖက ပြောသည်။

“ အမှန်ပြောရရင်ဗျာ နယ်ခြားစောင့်က သင်တန်း ၄ လ ဆင်းလာတယ်။ မိမိသေနတ် တောင် ကျွမ်းကျင်စွာ မကိုင်တတ်ဘူးဗျာ။ ” ဟု ၄င်းကဆိုသည်။

ယခုအချိန်မှာ ခိုင်လုံသောသတင်းတစ်ရပ်အရ မောင်တောခရိုင်၏ လုံခြုံရေး အခြေအနေမှာ အလွန်အရေးကြီးနေပြီဖြစ်ပြီး၊ နယ်မြေလုံခြုံရေးအဆင့် တိုးမြှင့်သတ်မှတ်လိုက်ကာ မတ်၊ ဧပြီ၊ မေလများအတွင်း အထူးသတိထား ရှိကြရမည်ဖြစ်ကြောင်း အမည်မဖော်လိုသော အရာရှိတစ်ဦးကပြောကြား လိုက်သည်။

ချလူးအောင်၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency/
မောင်တောခရိုင်လုံခြုံရေး အထူးအရေးကြီး အခြေအနေသို့ရောက်ရှိ မောင်တောခရိုင်လုံခြုံရေး အထူးအရေးကြီး အခြေအနေသို့ရောက်ရှိ Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.