မိုးကောင်း ဧပြီ ၈
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျွန်းပင်သာကျေးရွာအုပ်စု စံပါရီကျေးရွာတွင် ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းရာမှ အိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်
ဖြစ်စဉ်မှာ ဧပြီ(၈)ရက် မွန်းလွဲ(၁)နာရီ(၁၅) မိနစ်တွင် စံပါရီကျေးရွာနေ ဆန်ဂျေး(၂၈)နှစ်(ဘ)ဦးဂိုဗင်သည် နေအိမ်၌ရှိနေစဉ် အိပ်ယာပေါ်တွင် ဆေးလိပ်သောက်ပြီး ဆေးလိပ်တိုအား ဘေးနားတွင်ချထားရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မြို့နယ်ယာယီရဲတပ်ဖွဲ့မှူးရဲမှူးအေးကြူဦးစီးတပ်ဖွဲ့ဝင်များ မီးသတ်ဒုဦးစီးမှူးချမ်းငြိမ်းသူနှင့်မီးသတ်တပ်ဖွဲ့ဝင်များ ရွာသူ/ရွာသားများ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့်(၁)နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် (၉)ပေ(၂)ခန်းပတ်လည် ထရံကာ သွပ်မိုး နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးပေါ့ဆစွာသုံးစွဲသူ ဆန်ဂျေးအား မိုးကောင်းမြို့မရဲစခန်းတွင် ပုဒ်မ(၂၈၅)အရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
www.facebook.com/winnaing.net
ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းရာမှ အိမ်တစ်လုံး မီးလောင်ဆုံးရှုံး
Reviewed by THITHTOOLWIN
on
16:56
Rating:
