သမီးရည်းစားဖြစ်သူနှင့် စကားများရန်ဖြစ်စဉ် တဲခေါင်မိုးအား မီးရှိုရာက မီးလောင်မှုဖြစ်ပွား


နေပြည်တော်၊ ဧပြီ ၁၄

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ ရွှေသမားကွင်း၊ ကွင်းအမှတ်(၈၁၀)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ စစ်ကိုင်းခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၃၅ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။


 စစ်ဆေးချက်အရ အဆိုပါကွင်း အတွင်းရှိ အလုပ်သမားတဲတိုက်နေ မင်းမင်းသိန်း(၂၄)နှစ်သည် အတူနေ သမီးရည်းစားဖြစ်သူ မ××××× နှင့် စကားများရန်ဖြစ်စဉ် ၄င်းတို့နေထိုင်သည့် သက်ကယ်မိုး၊ သက်ကယ်ကာ၊ မြေစိုက်တဲ၏ ခေါင်မိုးအား မီးရှို့ရာမှ အနီးရှိ သက်ကယ်တဲ(၃)လုံး တို့အား မီးကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မင်းမင်းသိန်းအား စစ်ကိုင်းမြို့မရဲစခန်း (ပ)၄၀၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ - ရဲထက်ဇော် စစ်ကိုင်း
သတင်း - ရဲဇာနည်
https://www.facebook.com/yezarnimedia
သမီးရည်းစားဖြစ်သူနှင့် စကားများရန်ဖြစ်စဉ် တဲခေါင်မိုးအား မီးရှိုရာက မီးလောင်မှုဖြစ်ပွား သမီးရည်းစားဖြစ်သူနှင့် စကားများရန်ဖြစ်စဉ် တဲခေါင်မိုးအား မီးရှိုရာက မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 04:34 Rating: 5
Powered by Blogger.