![]() |
ဒီတိုက်ခိုက်မှုက တမင်ချိန်ရွယ် တိုက်ခိုက်ခဲ့တာလို့ ဂျာမနီ ရဲက ပြောပါတယ်။ |
ဒီစာအရ အခု တိုက်ခိုက်မှုဟာ အစ္စလာမ္မစ်တွေရဲ့ လက်ချက်လို့ ယူဆနိုင်စရာရှိပေမယ့် ဒီစာဟာ တမင် လမ်းကြောင်းလွှဲချင်တဲ့သဘောနဲ့ လုပ်တာလည်း ဖြစ်နိုင်ကြောင်း စုံထောက်တွေက ပြောပါတယ်။
စာရဲ့ အစမှာ 'အလ္လာဟ်အရှင်မြတ် နာမတော်၌' ဆိုတဲ့ စကားလုံး ရေးထားတယ်လို့ ဆိုပြီး အာဏာပိုင်တွေဘက်ကတော့ ဒီစာနဲ့ပတ်သက်ပြီး အတည်ပြုတာမျိုး မရှိသေးပါဘူး။
စာထဲမှာ ဘာလင် ခရစ္စမတ်ဈေးကို တိုက်ခိုက်ခဲ့မှုနဲ့ ဆီးရီးယားက စစ်ဆင်ရေးတွေအကြောင်းလည်း ဖော်ပြထားတယ်လို့ ဂျာမနီက မီဒီယာတွေမှာ ဖော်ပြပါတယ်။
ရဲက အခုအခါ ဘောလုံးသမားတွေ တည်းခိုရာ ဟိုတယ်အနီးကို ပိတ်ဆို့ထားပြီး ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေပါတယ်။
![]() |
ဘော်ရုရှာ ဒေါ့မွန်နဲ့ စပိန်အသင်းက ခံစစ်ကစားသမား Marc Bartra ဒဏ်ရာရခဲ့ |
ဒီပေါက်ကွဲမှုကြောင့် ဘော်ရုရှာ ဒေါ့မွန်နဲ့ စပိန်အသင်းက ခံစစ်ကစားသမား Marc Bartra ဟာ လက်ကောက်ဝတ် ဒဏ်ရာရသွားပြီး ကားမှန်ကွဲစတွေနဲ့လည်း ထိရှခဲ့ပါတယ်။
ဒေါ့မွန်ဟာ မိုနာကိုနဲ့ ပွဲကို ဒီည (ဗုဒ္ဓဟူးညမှာ) ကစားဖို့ ရှိပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဒေါ့မွန် ပေါက်ကွဲမှု - အစ္စလာမ္မစ်လက်ချက် ဟုတ်မဟုတ် ရဲက စစ်ဆေးနေ
Reviewed by THITHTOOLWIN
on
18:09
Rating:
