မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်း၌ ဧပြီ ၁၈ ရက်၊ နံနက်ပိုင်းက တရားဟောစင်မြင့်ပေါ် သို့ တက်၍ ထီးဖြူတင်ရာမှ ထီးဖြူအမိုးကိုင်းနှင့် ဓါတ်ကြိုးထိမိပြီး လူတစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။
“တရားဟောစင်ပြုလုပ်ပြီးကတည်းက ထီးဖြူက တင်ထားပြီးသား၊ မနေ့က မိုးတွေ အရမ်းရွာတော့ ထီးဖြူက ပြုတ်ကျသွားတာကို ဒီနေ့မနက်မှာ ထပ်တင်တာ။ တရားဟောစင်က ဓါတ်အားလိုင်းအောက်မှာ လုပ်ထားတော့၊ ထီးတက်တင်တဲ့အခါ သတိမထားမိတော့၊ ထီးနဲ့ ဓါတ်ကြိုးနဲ့ ထိမိပြီး ဓါတ်လိုက်သေဆုံးသွားတာပါ။”ဟု ပေါင်မြို့မ ရဲစခန်းမှ ဒုတိယ ရဲအုပ် အောင်မိုးကျော်က ပြောသည်။
တရားပွဲကျင်းပရန်အတွက် ရပ်ကွက်သူ၊ ရပ်ကွက်သားများ ပြင်ဆင်နေစဉ် ဦးထွန်းစိန်(၆၇)နှစ်သည် တရားဟော စင်မြင့်အနောက်ဘက်ရှိ ခန်းစီးပေါ်သို့ ထီးဖြူတက်တင်ရာ ထီးဖြူနှင့် ဓါတ်အားလိုင်း ကြိုးထိမိသဖြင့် ဓါတ်လိုက်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါင်မြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၈/ ၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပေါင်မြို့နယ်တွင် တရားဟောစင်မြင့်ပေါ် ထီးဖြူတင်ရာမှ လူတစ်ဦး ဓါတ်လိုက်သေဆုံး
Reviewed by THITHTOOLWIN
on
19:40
Rating:
